အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
COVID-19 ကပ္ေရာဂါကာလကို အခြင့္ေကာင္းယူၿပီး ဒုစ႐ိုက္သမားေတြက မႈခင္းက်ဴးလြန္တာေတြ ရွိေနတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အမ်ားျပည္သူသို႔ အသိေပးႏႈိးေဆာ္လိုက္ပါတယ္။
လက္ရွိ ျမန္မာႏိုင္ငံတြင္းမွာ ခရီးသြားလာမႈ ကန႔္သတ္ျခင္း၊ ညမထြက္ရ အမိန႔္ထုတ္ျပန္ထားတာ၊ Home Stay ေနထိုင္ေစတာစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အေရးေပၚ အစီအမံေတြ ထိန္းခ်ဳပ္ေဆာင္႐ြက္ေနတာကို ဒုစ႐ိုက္သမားေတြနဲ႔ ဝိသမေလာဘ စီးပြားေရး သမားေတြက အခြင့္ေကာင္းယူ လုပ္ေဆာင္တာေတြရွိတာလို႔ ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
လက္ရွိကာလမွာ ဒုစ႐ိုက္သမားေတြက ျပင္ပမွာ ေတြ႕ျမင္ရမႈနည္းပါးသြားၿပီး အြန္လိုင္းနဲ႔ အိမ္တြင္းက်ဴးလြန္မႈေတြအျဖစ္ ေျပာင္းလဲသြားသလို ျပည္သူေတြ လိုအပ္တဲ့ အစားအေသာက္နဲ႔ က်န္းမာေရးအတြက္ ေဆးဝါးအတုလုပ္တာနဲ႔ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်တာေတြ လုပ္လာၾကတယ္လို႔ ဆိုပါတယ္။
Home Stay ေၾကာင့္ Online Games ေတြပိုမိုအသုံးျပဳလာၾကရာ Cyber ဒုစ႐ိုက္ သမားေတြက Game နည္းလမ္းသစ္ေတြ တီထြင္ထုတ္လႊင့္ၿပီး ေငြေၾကးလိမ္လည္မႈေတြနဲ႔ ကြန္ပ်ဴတာထိခိုက္ပ်က္စီးေအာင္ရည္႐ြယ္ၿပီး Malware နဲ႔ Ransomware ကဲ့သို႔ေသာ Virus ေတြနဲ႔ တိုက္ခိုက္လာတယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ ေဆး႐ုံေတြရဲ႕ အင္တာနက္နဲ႔ ခ်ိတ္ဆက္မႈစနစ္ေတြ၊ အေရးေပၚလူနာခြဲစိတ္မႈေတြ၊ COVID-19 ကူးစက္ေရာဂါကုသမႈနဲ႔ လူနာေစာင့္ၾကည့္သည့္စနစ္ေတြ အေပၚ ဆိုက္ဘာ တိုက္ခိုက္မႈေတြလုပ္ေဆာင္ၾကသလို ဒုစ႐ိုက္သမားေတြက COVID-19 နဲ႔ ဆက္စပ္တဲ့ Stock ရင္းႏွီးျမႇဳပ္ႏွံမႈေတြမွာ ေရာဂါျဖစ္ေနသူေတြရဲ႕ အရင္းအႏွီးေတြကို နည္းမ်ိဳးစုံနဲ႔ လိမ္လည္/ ၿခိမ္းေျခာက္ ေငြေၾကးရယူတာေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။
လိမ္လည္သူေတြက ေဆးဝါးပစၥည္ေတြေရာင္းခ်ဖို႔ ျဖန႔္ေဝရာမွာ website, e-commerce platforms, social medias, emails ေတြသုံးၿပီး နာမည္ႀကီး ကုမၸဏီေတြရဲ႕ အမည္ကိုအသုံးျပဳကာ ေငြလႊဲေျပာင္းလိမ္လည္ရယူတာ၊ တယ္လီဖုန္းနဲ႔ဆက္သြယ္ၿပီး COVID-19 ကပ္ေရာဂါနဲ႔ ေဆး႐ုံတက္ေနရသူ၊ Quarantine စခန္းဝင္ေနရသူလို႔ လိမ္လည္ေျပာဆိုၿပီး ေဆးဝါးကုသစရိတ္မ်ား လိမ္လည္ ေတာင္းခံတာေတြရွိေနတယ္လို႔သိရပါတယ္။
အလားတူ အြန္လိုင္းမွာ ဆရာဝန္/အထူးကုသမားေတာ္ ဟန္ေဆာင္ထုတ္လႊင့္ၿပီး ေဆးဝါးအတုေတြ ဝယ္ယူေစတာနဲ႔ စိုးရိမ္ေၾကာက္႐ြံ႕ေနသူေတြထံက email နဲ႔ Password ေတာင္းခံ ေငြေၾကးလိမ္လည္ ရယူတာေတြရွိေနတယ္လို႔လည္း ရဲတပ္ဖြဲ႕က ဆိုပါတယ္။
ညမထြက္ရအမိန႔္နဲ႔ Home Stay ေနထိုင္စဥ္ ရာသီဥတုပူျပင္းလို႔ ေနအိမ္ ျပတင္းေပါက္ေတြ ဖြင့္ထားတာေၾကာင့္ ဒုစ႐ိုက္သမားေတြက အခြင့္ေကာင္းယူကာ အိမ္ေက်ာ္နင္းမႈ၊ ခိုးယူမႈေတြက်ဴးလြန္တာ၊ လက္နက္နဲ႔ၿခိမ္းေျခာက္ လုယက္မႈ၊ ေျခာက္လွန႔္ေတာင္းယူမႈမ်ား က်ဴးလြန္တာ၊ Onlineကေန လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈ၊ မမွန္သတင္းေတြ ထုတ္လႊင့္တာ ၿခိမ္းေျခာက္ေငြေတာင္းယူမႈေတြ က်ဴးလြန္ၾကတယ္လို႔လည္း သတိေပးထားပါတယ္။
ဒါ့အျပင္ Online Delivery ပို႔ေဆာင္သူေတြေတြထံက ေရာဂါကူးစက္ႏိုင္တဲ့အျပင္ မိမိနဲ႔ သိကြၽမ္းမႈမရွိတဲ့ Delivery ေတြက အစားအေသာက္ေတြမွဦ မူးေဝေမ့ေလ်ာ့ ေစတဲ့ ေဆးဝါးေတြထည့္သြင္းၿပီး အိမ္တြင္းခိုးယူမႈ၊ လုယက္မႈမ်ားက်ဴးလြန္တာေတြရွိတယ္လို႔လည္း ဆိုပါတယ္။
Mask ကို လူတိုင္းတပ္ဆင္ထားရလို႔ ဒုစ႐ိုက္သမားေတြက ပုံဖ်က္ဖို႔ အခြင့္ေကာင္းရရွိၿပီး ယာဥ္/ဆိုင္ကယ္တို႔နဲ႔ ႐ုတ္တရက္ အနီးကပ္လုယက္မႈ က်ဴးလြန္တာေတြရွိတယ္လို႔လည္းရဲတပ္ဖြဲ႕က သတိေပးထားပါတယ္။
ဒါ့ေၾကာင့္ အမ်ားျပည္သူလူထုအေနနဲ႔ Cyber / Online တို႔မွ လိမ္လည္မႈနဲ႔ မႈခင္းေတြ က်ဴးလြန္မခံရေအာင္ ရင္းႏွီးကြၽမ္းဝင္မႈမရွိတဲ့ email ေတြ မိမိအသုံးျပဳေနတဲ့ Links ေတြ မဟုတ္ပါက attached files ေတြကို မဖြင့္ၾကည့္ဖို႔ လုံၿခဳံမႈအျပည့္အဝရွိတဲ့ password ကိုအသုံးျပဳဖို႔ Antivirus software ေတြနဲ႔ Social media လုံၿခဳံေရးစနစ္ကို ခိုင္မာမႈရွိေအာင္ စီမံထားဖို႔ တိုက္တြန္းပါတယ္။
မိမိၿမိဳ႕/႐ြာ၊ ရပ္ကြက္မွာ ထူးျခားမႈ၊ မသကၤာဖြယ္ရာ တစ္စုံတစ္ရာရွိလာပါက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ေတြ၊ လွည့္ကင္းေတြနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြနဲ႔ တာဝန္ရွိသူေတြကို အေရးေပၚ ဆက္သြယ္အေၾကာင္းၾကားဖို႔လည္း တိုက္တြန္းထားပါတယ္။
Unicode
COVID-19 ကာလကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားများ မှုခင်းကျူးလွန်နေဟု ရဲတပ်ဖွဲ့သတိပေး
COVID-19 ကပ်ရောဂါကာလကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားတွေက မှုခင်းကျူးလွန်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အများပြည်သူသို့ အသိပေးနှိုးဆော်လိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ခရီးသွားလာမှု ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာ၊ Home Stay နေထိုင်စေတာစတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အရေးပေါ် အစီအမံတွေ ထိန်းချုပ်ဆောင်ရွက်နေတာကို ဒုစရိုက်သမားတွေနဲ့ ဝိသမလောဘ စီးပွားရေး သမားတွေက အခွင့်ကောင်းယူ လုပ်ဆောင်တာတွေရှိတာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိကာလမှာ ဒုစရိုက်သမားတွေက ပြင်ပမှာ တွေ့မြင်ရမှုနည်းပါးသွားပြီး အွန်လိုင်းနဲ့ အိမ်တွင်းကျူးလွန်မှုတွေအဖြစ် ပြောင်းလဲသွားသလို ပြည်သူတွေ လိုအပ်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးအတွက် ဆေးဝါးအတုလုပ်တာနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ လုပ်လာကြတယ်လို့ ဆိုပါတယ်။
Home Stay ကြောင့် Online Games တွေပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက် သမားတွေက Game နည်းလမ်းသစ်တွေ တီထွင်ထုတ်လွှင့်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ကွန်ပျူတာထိခိုက်ပျက်စီးအောင်ရည်ရွယ်ပြီး Malware နဲ့ Ransomware ကဲ့သို့သော Virus တွေနဲ့ တိုက်ခိုက်လာတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံတွေရဲ့ အင်တာနက်နဲ့ ချိတ်ဆက်မှုစနစ်တွေ၊ အရေးပေါ်လူနာခွဲစိတ်မှုတွေ၊ COVID-19 ကူးစက်ရောဂါကုသမှုနဲ့ လူနာစောင့်ကြည့်သည့်စနစ်တွေ အပေါ် ဆိုက်ဘာ တိုက်ခိုက်မှုတွေလုပ်ဆောင်ကြသလို ဒုစရိုက်သမားတွေက COVID-19 နဲ့ ဆက်စပ်တဲ့ Stock ရင်းနှီးမြှုပ်နှံမှုတွေမှာ ရောဂါဖြစ်နေသူတွေရဲ့ အရင်းအနှီးတွေကို နည်းမျိုးစုံနဲ့ လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
လိမ်လည်သူတွေက ဆေးဝါးပစ္စည်တွေရောင်းချဖို့ ဖြန့်ဝေရာမှာ website, e-commerce platforms, social medias, emails တွေသုံးပြီး နာမည်ကြီး ကုမ္ပဏီတွေရဲ့ အမည်ကိုအသုံးပြုကာ ငွေလွှဲပြောင်းလိမ်လည်ရယူတာ၊ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး COVID-19 ကပ်ရောဂါနဲ့ ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူလို့ လိမ်လည်ပြောဆိုပြီး ဆေးဝါးကုသစရိတ်များ လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့သိရပါတယ်။
အလားတူ အွန်လိုင်းမှာ ဆရာဝန်/အထူးကုသမားတော် ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုတွေ ဝယ်ယူစေတာနဲ့ စိုးရိမ်ကြောက်ရွံ့နေသူတွေထံက email နဲ့ Password တောင်းခံ ငွေကြေးလိမ်လည် ရယူတာတွေရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ညမထွက်ရအမိန့်နဲ့ Home Stay နေထိုင်စဉ် ရာသီဥတုပူပြင်းလို့ နေအိမ် ပြတင်းပေါက်တွေ ဖွင့်ထားတာကြောင့် ဒုစရိုက်သမားတွေက အခွင့်ကောင်းယူကာ အိမ်ကျော်နင်းမှု၊ ခိုးယူမှုတွေကျူးလွန်တာ၊ လက်နက်နဲ့ခြိမ်းခြောက် လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်တာ၊ Onlineကနေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မမှန်သတင်းတွေ ထုတ်လွှင့်တာ ခြိမ်းခြောက်ငွေတောင်းယူမှုတွေ ကျူးလွန်ကြတယ်လို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် Online Delivery ပို့ဆောင်သူတွေတွေထံက ရောဂါကူးစက်နိုင်တဲ့အပြင် မိမိနဲ့ သိကျွမ်းမှုမရှိတဲ့ Delivery တွေက အစားအသောက်တွေမှဦ မူးဝေမေ့လျော့ စေတဲ့ ဆေးဝါးတွေထည့်သွင်းပြီး အိမ်တွင်းခိုးယူမှု၊ လုယက်မှုများကျူးလွန်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။
Mask ကို လူတိုင်းတပ်ဆင်ထားရလို့ ဒုစရိုက်သမားတွေက ပုံဖျက်ဖို့ အခွင့်ကောင်းရရှိပြီး ယာဉ်/ဆိုင်ကယ်တို့နဲ့ ရုတ်တရက် အနီးကပ်လုယက်မှု ကျူးလွန်တာတွေရှိတယ်လို့လည်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
ဒါ့ကြောင့် အများပြည်သူလူထုအနေနဲ့ Cyber / Online တို့မှ လိမ်လည်မှုနဲ့ မှုခင်းတွေ ကျူးလွန်မခံရအောင် ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ email တွေ မိမိအသုံးပြုနေတဲ့ Links တွေ မဟုတ်ပါက attached files တွေကို မဖွင့်ကြည့်ဖို့ လုံခြုံမှုအပြည့်အဝရှိတဲ့ password ကိုအသုံးပြုဖို့ Antivirus software တွေနဲ့ Social media လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံထားဖို့ တိုက်တွန်းပါတယ်။
မိမိမြို့/ရွာ၊ ရပ်ကွက်မှာ ထူးခြားမှု၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာရှိလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ လှည့်ကင်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို အရေးပေါ် ဆက်သွယ်အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။
*************************************************************
END / 251