၂၉ ဧပြီ ၂၀၂၀ - ၁၉:၂၅
WHO ဝန်ထမ်းပစ်ခတ်ခံရမှုကိစ္စ စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ပြော

ရခိုင်ပြည်နယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပေါ် သမ္မတရုံးက စုံစမ်းစစ်ဆေးမှုလုပ်နေရာမှာ တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပေါ် သမ္မတရုံးက စုံစမ်းစစ်ဆေးမှုလုပ်နေရာမှာ  တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  “ကျနော်တို့လည်း ဒီဟာကတော့ သူတို့လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာပေါ့လေ။ အဲ့ထဲမှာ လည်း ကျနော်တို့ စစ်ဆေးမယ့်ဟာတွေ စစ်ဆေးမယ့်ပုံစံတွေ ကျနော်တို့ဆီကနေလည်း စစ်ဆေးခံရမယ်ဟာတွေ ဒါတွေလည်း ကျနော်တို့ကနေပြီးတော့ စပြီးတော့ ဖြစ်ကတည်းကအတိုင်း ကျနော်တို့ တပ်မတော်အနေနဲ့ကလည်း ဖြစ်စဉ်အကြောင်းအရာပတ်သက်ပြီး စိစစ်တာတွေ ဖြစ်စဉ်အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေမှာရှင်းလင်းတာတွေ လုပ်ဆောင်ပြီး ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးကျနော်တို့က လိုက်ပါဆောင်ရွက် သွားရမှာဖြစ်ပါတယ်ဗျာ”လို့ ပြောပါတယ်။

WHO မော်တော်ယာဉ်ဟာ ရခိုင်ပြည်နယ်အတွင်းက COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခံထားရသူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာတွေကို ရန်ကုန်က ဓာတ်ခွဲမှာ စစ်ဆေးဖို့ သယ်ဆောင်လာစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်ဇတ်ဆိပ်အနီးမှာ ဧပြီလ ၂၀ ရက်နေ့ကပစ်ခတ်တိုက်ခိုက်ခံရပြီး ယာဉ်နဲ့ အတူပါလာတဲ့ WHO ဝန်ထမ်း ယာဉ်မောင်း ၁ ဦး သေဆုံးကာ ကျန်းမာရေးဝန်ထမ်း ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဧပြီ ၂၉ ရက်နေ့ ရက်စွဲနဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။

ကော်မတီကို ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ကမ္ဘာ့ကုလသမဂ္ဂအကြီးတန်း အကြံပေးပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာစုစုသာထွန်း၊ နိုင်ငံတော်သမ္မတရုံးက ဗိုလ်မှူးကြီးထိန်လင်းနဲ့ လူကယ်ပြန်က ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့ ဖွဲ့စည်းပေးခဲ့တာပါ။

ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကတော့ စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နဲ့အညီ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ထွေ/အုပ် အရာရှိတွေအပါအဝင် လူပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်းနိုင်သလို လိုအပ်တဲ့

×××××××××××××××××××××××××××××××××××××

END /251