တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း COVID-19 ရောဂါနှင့် သက်ဆိုင်သော Social Distancing များ အား ဖြေလျော့ရန်မရှိသေးကြောင်း သိရသည်။
“မူဆယ်ဒေသက အားလုံးသိတဲ့အတိုင်းပဲ နယ်စပ်ဒေသဖြစ်တာနှင့်အညီ လူပေါင်းစုံ ရောက်ရှိ ဝင်ထွက်သွားလာနေတဲ့ မြို့ဖြစ် တယ်။ နောက်တစ်ခုက ရှမ်းပြည်နယ်အတွင်း ရဲ့ အချို့နေရာတွေမှာ COVID-19 နဲ့ ပတ် သက်လို့ ဖြေလျော့မှုတွေကို ဖြေးဖြေးချင်း ဆောင်ရွက်နေပေမယ့်လည်း မူဆယ်အနေနဲ့ မနေ့ကအစည်းအဝေးဆုံးဖြတ်ချက်အရ အ တော်များများကိစ္စရပ်တွေကို ဖြေလျော့လို့ မရသေးဘူးလို့သိရှိတဲ့အတွက် စနစ်တကျ ဆောင်ရွက်နေတာတွေရှိပါတယ်။နောက် ဝင်ထွက်တဲ့ နေရာတွေမှာလည်း စနစ်တကျ ဖြစ်ဖို့ရယ်။အနည်းဆုံး သူတို့ကို ကိုယ်ရေးရာ ဇဝင်တွေ၊ တယ်လီဖုန်းနံပါတ်တွေ ဆက်သွယ် ရမယ့် ကိစ္စရပ်တွေ အားလုံးကိုလည်း စနစ်တ ကျကောက်ယူပြုစုပြီးတော့မှ COVID-19 ကော်မတီတွေနဲ့ စနစ်တကျပေါင်းစပ် ဆောင် ရွက်လျက် ရှိပါတယ်” ဟု မူဆယ်ခရိုင် COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ပြောကြားသည်။
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကို မူဆယ်မြို့တွင် ကျန်းမာရေးစစ်ဆေးနေစဉ်
မူဆယ်ဒေသသည်တရုတ်နိုင်ငံ ဝူဟန် မြို့တွင် COVID-19 စတင်ဖြစ်ပွားစဉ်က တည်းက တစ်နိုင်ငံလုံး၏ အာရုံစူးစိုက်မှု၊ စိုး ရိမ်မှုအများဆုံးဒေသတစ်ခုဖြစ်ခဲ့ပြီး ဒုတိယအကြိမ် Positive လူနာ Case 231 နှင့် မူ ဆယ်မြို့မှ ဖြတ်သန်းသွားသော Case 230 တို့ကြောင့် COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအပိုင်း၌ ပိုမိုတင်းကြပ်သောအစီအမံများဆောင်ရွက်လျက်ပြီး မူဆယ် ဒေသသို့ ဝင်ထွက်သွားလာသူများအား ကျန်းမာရေးဌာန၏ ထောက်ခံစာ သို့မဟုတ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံ စာပါမှသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး မူဆယ် ခရိုင်အတွင်းရှိ ကျန်းမာရေးစစ်ဆေးဂိတ်များ ဆက်ထားမည်ဖြစ်ကြောင်း သိရသည်။
“မူဆယ်ခရိုင်က တရုတ်နိုင်ငံဘက်က ရော မြန်မာနိုင်ငံအတွင်းက ရောဂါဖြစ်ပွားရာ ဒေသတို့ကလာမည့် COVID-19 ရောဂါ အခြေအနေကို နှစ်ဘက်လုံးစောင့်ကြည့်နေရတဲ့အနေအထားမှာ ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွေ ဆက်လက်ထားရှိသွားမှာပါ။ကျွန် တော်တို့ကြေညာထားတဲ့အတိုင်း ကျွန်တော် တို့ဆီကို တက်လာလို့ရှိရင် ကုသရေးနှင့်ကျန်း မာရေးထောက်ခံစာ သို့မဟုတ် ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ နှစ်ခု ပါရပါ့ မယ်။ပြီးတော့မှ ကျန်းမာရေး ကိစ္စတစ်ခုခုဖြစ် လာရင်တွေ့လာရင် နီးစပ်ရာ ကျန်မာရေးဌာန ကို အကြောင်းကြားရပါ့မယ်။ ရှမ်းပြည်နယ် အတွင်းမှာ နယ်မြေအတော်များများဖြေလျော့ ထားသလိုပဲ နိုင်ငံခြားပြန်တွေကိုပဲ Quarantine ထားဖို့အစီအစဉ်ပဲရှိတော့တယ်။ နောက် စားသောက်ဆိုင်တွေနဲ့ လူထူထပ်တဲ့နေရာ တွေ ကို အဖွဲ့လေးတွေက လိုက်လံစစ်ဆေးပြီး စည်းကမ်းချက်နှင့်ညီမှ ဖွင့်ခွင့် ပေးမယ့်အစီ အစဉ်ရှိပါတယ်” ဟု မူဆယ်ခရိုင် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ကော်မတီအတွင်းရေးမှူး မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ဆိုသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာ နိုင်ငံအတွင်း ပြန်ဝင်လာသူများထဲတွင် COVID-19 ရောဂါ Case 150 နှင့် Case 230 တို့ တွေ့ရှိထားခြင်းတို့ကြောင့် ယခုအခါ တရုတ်နိုင်ငံဘက်မှ ပြန်ဝင်လာသူများနှင့် မြန်မာနိုင်ငံဒေသအသီးသီးက လာရောက်သူများအား ကျန်းမာရေးစစ်ဆေးကာ ကျန်းမာ ရေးဆိုင်ရာ အစီအမံများထပ်မံတိုးမြှင့်လုပ်ဆောင်နေကြောင်းသိရပြီး COVID-19 ရောဂါကာလအတွင်း ကုန်စည်စီးဆင်းမှု မ ပြတ်လပ်စေရေးနှင့် ကုန်ဈေးနှုန်းမကြီးမြင့် စေရေး အထူးကြပ်မတ်လျက်ရှိကြောင်း မူ ဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။
မူဆယ်မြို့တွင် ဒူဘိုင်းမှပြန်လာသော COVID-19 ရောဂါ Case 143 လူနာကို ဧပြီ ၂၅ ရက်ကတွေ့ရှိပြီး ယခုထပ်မံတွေ့ရှိ သော ဒုတိယမြောက် COVID-19 ရောဂါ Case 231 လူနာကို ဇွန် ၂ ရက်တွင် တွေ့ရှိခဲ့ ခြင်း ဖြစ်သည်။