အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇွန်လ ၁၈ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၅၉၆ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၉၃၀ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၁၉၇၆၄၇ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၈၇ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၉၂၇၂ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၅၆၉၉၁ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၂၇၉၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၃၄၄၅၉၉ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြောကြားသည်မှာ - အရှေ့ အာဇရ်ဘိုင်ဂျန် ၊ ခိုဇစ်စတန် ၊ ပူရှဲဟ် ၊ ကေရ်မန်ရှာ ၊ နှင့် ဟိုရ်မွဇ်ဂန် ပြည်နယ်များ သည် စိုးရိမ် ရ ပြည်နယ်များ ဖြစ်နေ ကြောင်း ပြော ကြားခဲ့ပါတယ်။
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ ဆက်လက်ပြီး ပြည်သူလူထု အနေဖြင့် လူထု အကြား အကွာအဝေး ကို ဂရုပြုရန် ၊ mask မတပ်ဘဲ အိမ်ပြင်သို့ ထွက်ခြင်းကို လုံးဝ ရှောင်ကြဉ် ရန် ၊ မလိုအပ်ဘဲ လူအုပ်ကြား သွား ခြင်း နှင့် ခရီး သွား ခြင်း မပြုရန် မေတ္တာ ရပ်ခံ ပြောကြားခဲ့ပါတယ်။
###########################################
END / 251