၂၃ ဇွန် ၂၀၂၀ - ၁၈:၅၁
အီရန်နိုင်ငံ တွင် ဇွန်လ၂၃ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၂၁ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

 

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇွန်လ ၂၃ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၄၄၅ ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၁၂၃၄ ဦးအား ဆေးရုံတင် ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၂၀၉၉၇၀ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၂၁ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၉၈၆၃ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၆၉၁၆၀ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

#############################

END / 251

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၂၈၄၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၄၇၅၃၃၁ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - အနောက် အာဇရ်ဘိုင်ဂျန် ၊ ခိုဇစ်စတန် ၊ ဟိုရ်မွဇ်ဂန် ပြည်နယ်များ သည် အခြား ပြည်နယ်များ ထက် ဆေးရုံးကု လူနာ ပို၍ များပြားနေ ကြောင်း ၊ ဖရ်စ် တွင် ဆေးရုံးကူနာ ပို၍ များလာပြီး ခိုဇစ်စတန် ပြည်နယ် တွင် သေးဆုံး သူ အရေ အတွက် လျော့ ဆင်းလာ ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါတယ်။