၉ ဇူလိုင် ၂၀၂၀ - ၁၉:၂၅
အီရန်နိုင်ငံ တင် ဇူလိုင်လ  ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၂၂၁ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၆၉၁ ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၁၆၂၅ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၂၄၈၃၇၉ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၅၃ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၂၀၈၄ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၈၆၁၈၀ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၃၀၃၇ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၆၀၃၉၇၈ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - ခိုဇစ်စတန် ၊ ဂိုရ်ဒစ်စတန် ၊ ကေရ်မန်ရှာ ၊ ဟိုရ်မွဇ်ဂန် ဗူရ်ရှဲဟ်၊အီလာန်မ် ၊ အနောက် နှင့် အရှေ့ အာဇရ်ဘိုင်ဂျန် နှင့် ခိုရာစာန် ရဇဝီး ၊ လောရေစ်စတန် နှင့် ဂိုလ်လစ်စတန်  ပြည်နယ်များ သည် စိုးရိမ် ရ နယ်မြေ များ ဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။