၁၁ ဇူလိုင် ၂၀၂၀ - ၁၉:၂၂
အီရန်နိုင်ငံ တွင် ဇူလိုင် လ ၁၁ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၈၈ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ အထိ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၃၉၇ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၁၇၃၉ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၂၅၅၁၁၇ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၈၈ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၂၆၃၅ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၂၁၇၆၆၆ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၃၃၃၈ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၉၄၇၁၁၄ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြောကြားသည်မှာ - အနောက် အာဇရ်ဘိုင်ဂျန် ၊ ခိုဇစ်စတန် ၊ဟူရ်မွတ်ဇ်ဂန်၊ ခိုရာစာန် ရဇဝီး ၊ မြောက်ပိုင်း ခိုရာစာန် ပြည်နယ်များ သည် စိုးရိမ် ရ ပြည်နယ်များ ဖြစ်နေ ကြောင်း၊တီဟီရန် ၊ အလ်ဗိုရ်ဇ် ၊ဖရ်စ် ၊ ကဲဟ်ကီလိုယေ ၊ ဘူရဲရ်အဲဟ်မဒ် ၊ ဂိုလ်လစ်စတန် ၊လောရေစ်စတန်၊အစ္စဖဟန် ၊ဇန်ဂျန် ၊မာဇင်ဒရာန် ၊မြောက်ပိုင်း ခိုရာစာန် နှင့် အီးလာန် ပြည်နယ်များ သည့် သတိရှိရမည့်နယ်မြေ ဖြစ်ကြောင်း ပြော ကြားခဲ့ ပါတယ်။

##################################################################

END / 251