၁၂ ဇူလိုင် ၂၀၂၀ - ၁၉:၂၅
စူရဟ် မရ်ယမ် (علیها السلام) အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီးမောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် ((ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မရ်ယမ် (علیها السلام)အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာနဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် မရ်ယမ် (علیها السلام) အကြောင်း သိကောင်းစရာ

အမည် - မရ်ယမ် (علیها السلام )

အဓိပ္ပာယ် - ဟဇရသ် အေမ်ရာန် ၏ သမီးတော် ၊ ဟဇရသ် အီစာ(علیه السلام) ၏ မယ်တော်

ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁၆ ပါး မြောက်အာယသ်တော်

မရ်ယမ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်

မရ်ယမ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၄ ကြိမ်

အစောင် - ၁၆

ရကူအပိုဒ်တော်ပေါင်း - ၆                                                                   

အာယသ်တော်ပေါင်း - ၉၈                                                                

စကားလုံးတော်ပေါင်း - ၉၇၀                                                                

အက္ခရာတော်ပေါင်း - ၃၉၃၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၄၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဖာသွေရ်                                                    

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သွာဟာ                                      

ဤစူရဟ်၏ အခြားအမည်များ - (၁) မရ်ယမ် (علیها السلام) (၂) ကာဖ် ဟာ ရာ အိုင်းန် ဆွာဒ်

အမည့်ထွင်ရသည့်အကြောင်း- ဟဇရသ် မရ်ယမ် (علیها السلام) ဖြစ်ရပ်မှန် အကြောင်း တင်ပြထားပါသည်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး တွင် အမျိုးသမီး အမည် နှင့် ဤ စူရဟ် တစ်ပုဒ် သာ လာရှိ ပါသည်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။

“အကြင် မည်သူမဆို အမြဲ တစေ စူရဟ် မရ်ယမ် အားဒ သေလာဝသ် ပြုမည်ဆိုလျှင် ဤလောက မှ ပစ္စည်း ၊ဥစ္စာ ၊သားသမီး နှင့် ရှိသမျှ အရာ အားလုံး တွင် ဌေးသူ မဖြစ်မခြင်း ခေါ်တော်မူမည် မဟုတ် ချေ။ အာခေရသ် တွင် ဟဇရသ် အီစာ(علیه السلام) ၏ သာဝကတော်များ တွင် ပါဝင် ပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၆ ၊စာမျက်နှာ ၃၉၇ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

=================

251 / End