အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၅၂၁ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၁၈၂၀ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၂၆၂၁၇၃ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၇၉ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၃၂၁၁ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၂၂၅၂၇၀ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၃၃၈၉ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၂၀၀၂၃၇၉ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြောကြားသည်မှာ - အနောက် နှင့် အရှေ့ အာဇရ်ဘိုင်ဂျန် ၊ ခိုဇစ်စတန် ၊ ခိုရာစာန် ရဇဝီး ၊ ဂိုလ်လစ်စတန် ၊ဘူရှဲဟ် ၊မာဇင်ဒရာန် ပြည်နယ်များ သည် စိုးရိမ် ရ ပြည်နယ်များ ဖြစ်နေ ကြောင်း၊တီဟီရန် ၊ ကေရ်မန် ၊ အလ်ဗိုရ်ဇ် ၊ဖရ်စ် ၊ ကဲဟ်ကီလိုယေ ၊ ဘူရဲရ်အဲဟ်မဒ် ၊ စစ်စတန် ၊ဗလို ဂျစ်စတန် ၊ နှင့် လော်ရစ်စတန် ၊ ဟမ်ဒန် ၊ ယဇ်ဒ် ၊ခိုရာစာန် မြောက်ပိုင်းနှင့်တောင်ပိုင်း ပြည်နယ် သည့် သတိရှိရမည့်နယ်မြေ ဖြစ်ကြောင်း ပြော ကြားခဲ့ ပါတယ်။