အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၆၂၁ ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၂၀၀၄ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၂၈၄၃၄ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၂၂၁ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၅၇၄ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၂၄၇၂၃၀ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှ - ၃၆၆၇ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၂၂၅၄၁၂၃ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြောကြားသည်မှာ - ပြီးခဲ့သည့် ရက်များ ပမာ မာဇင်ဒရာန် ၊ ဖရ်စ် ၊ အနောက် နှင့် အရှေ့ အာဇရ်ဘိုင်ဂျန် ၊ ဂိုရ်ဒစ်စတန် ၊ ခိုရာစာန် ရဇဝီး၊အလ်ဗိုရ်ဇ်၊ ခိုဇစ်စတန် ၊ လောရေစ်စတန် ၊ ဂိုလ်လစ်စတန် ၊ ကေရ်မန်န် ၊ ဇန်ဂျန် ၊ နှင့် အီလာန်မ် ပြည်နယ်များ သည် အနီရောင်ပြ စိုးရိမ် ရ နယ်မြေများ ဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။ထိုနည်းတူစွာ တီဟီရန် ၊ အစ္စဖဟန် ၊ဗူရ်ရှဲဟ်၊ဟိုရ်မွဇ်ဂန် ၊ ကဇ်ဝင်းန် ၊ မရ်ကဇ်ဇီ ၊ မြောက်ပိုင်း ခိုရာစာန် ၊ ဟမ်ဒန်န်၊ ခိုရာစာန် တောင်ပိုင်း ၊စင်မ်နန် ၊စစ်တန် ၊ ဗလိုဂျစ်စတန် ၊ အိုရ်ဒဘီးလ် ၊ကဲဟ်ဂီလိုယေ ၊ ဗူရဲရ် အဲဟ်မဒ် နယ်မြေ များ သသည် ဂရုပြု နေထိုင်ရမည့် နယ်မြေများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ ခိုရာစာန်ရဇဝီးမှ အပ ပြည်နယ်များ အားလုံးသည် တိုးပွား နေပြီး ပြည်နယ် ၁၇ ခု သည် အနီရောင်ပြ စိုးရိမ် နယ်မြေ များ ဖြစ်ပါတယ်။
###########################
END / 251