၂၉ ဇူလိုင် ၂၀၂၀ - ၁၉:၂၂
ရှမ်းပြည်နယ်ရှိ ဘုရားကျောင်းများတွင် ဘုရားဝတ်ပြုခွင့် ပြန်လည်ပိတ်သိမ်း

ရှမ်းပြည်နယ်မှာ ဇူလိုင်လ ၂၄ ရက်က ဖွင့်ခွင့်ပြုလိုက်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာတွေရဲ့ ဘုရားကျောင်းတွေ၊ စေတီတွေမှာ ဘုရားဝတ်ပြုခွင့်ကို ဇူလိုင် ၂၈ ရက်က ပြန်လည်ပိတ်သိမ်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



 
ရှမ်းပြည်နယ်မှာ ဇူလိုင်လ ၂၄ ရက်က ဖွင့်ခွင့်ပြုလိုက်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာတွေရဲ့ ဘုရားကျောင်းတွေ၊ စေတီတွေမှာ ဘုရားဝတ်ပြုခွင့်ကို ဇူလိုင် ၂၈ ရက်က ပြန်လည်ပိတ်သိမ်းလိုက်ပါတယ်။

ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ ကျန်းမာရေး နဲ့အညီ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ကော်မတီက စိစစ်ဆောင်ရွက်ရမယ့်အနေအထားရှိလို့ ဗဟိုရဲ့ညွန်ကြားချက်နဲ့ ပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။

တောင်ကြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် က “ ကိုဗစ်ညွှန်ကြားချက်နဲ့အညီ စိစစ်ဆောင်ရွက်ပြီးဖွင့်ဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ လောလောဆယ် မစိစစ်ခင်မှာ ဖွင့်ထားတဲ့ ဘုရားပုထိုးတွေကို ယာယီရပ်ဆိုင်းထားတဲ့ သဘောပါ”လို့ ပြောပါတယ်။

ဘုရားကျောင်းတွေပြန်ပြီး ပိတ်သိမ်းဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒီကနေ့ ညွှန်ကြားစာထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဒေါက်တာအောင်သန်းမောင်က “ဘုရားကျောင်းကန်တွေမှာ သတ်မှတ်တဲ့ စည်းကမ်းမလိုက်နာတာမဟုတ်ဘူး။ တကယ်လိုက်နာ ကြတယ်။ လူတွေအရမ်းမွန်းကြပ်နေလို့ ဆရာတို့ဖွင့်ပေးလိုက်တာ။ ဒီနေ့ပြန်ပိတ်လိုက်ပြီ။ အစိုးရ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်ပိတ်လိုက်တာပါ။” လို့ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က ဖွင့်ခွင့်ပြုဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး တချို့ဘုရားကျောင်းကန် စေတီပုထိုးတွေဖွင့်တာရှိသလို မဖွင့်နိုင်သေးတဲ့ နေရာတွေလည်းရှိပါတယ်။

******************************************************

END / 251