၁ ဩဂုတ် ၂၀၂၀ - ၁၉:၀၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များ ပြန်လည်ဖွင့်လှစ်ခွင့် မပြုသေးဘဲ ဆက်လက် ပိတ်ထားရ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား၊ စေတီတော်များအား ပြန်လည်ဖွင့်လှစ်ခွင့် ပြုဦးမည် မဟုတ်ဘဲ ဆက်လက် ပိတ်ထားရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ ဇူလိုင် ၃၀ ရက်တွင် စုံစမ်းသိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား၊ စေတီတော်များအား ပြန်လည်ဖွင့်လှစ်ခွင့် ပြုဦးမည် မဟုတ်ဘဲ ဆက်လက် ပိတ်ထားရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ ဇူလိုင် ၃၀ ရက်တွင် စုံစမ်းသိရသည်။

“အကုန်လုံး ပိတ်ရမယ်လို့ ညွှန်ကြားချက်လာလို့ ပိတ်ထားလိုက်ရတာ။ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ပိတ်ထားတာပါ’’ ဟု စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၃၀ ရက် နံနက်လေးနာရီမှ စတင်ပြီး COVID-19 ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား၊ စေတီများကို ပြန်လည်ဖွင့်လှစ်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အပါအဝင် တာဝန်ရှိသူများက ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တစ်ထောင်စေတီ၊ စွယ်တော်မြတ်စေတီ၊ ကမ္ဘာအေးစေတီတို့၌ COVID-19 ရောဂါ ကာကွယ်ထိန်ချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဇူလိုင် ၃၀ ရက်တွင်မူ ယခင်ထုတ်ပြန်ထားသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဘုရား၊ စေတီများအား ပြန်လည်ဖွင့်လှစ်ခြင်း မရှိခဲ့ဘဲ ဆက်လက် ပိတ်ထားခဲ့သည်ကို တွေ့ရပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်အား သိရှိရခြင်း မရှိသေးပေ။

******************************************

END / 251