အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ချုပ်ဆို မည့် ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း(၃)တွင်အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်မည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်ပါအချက်များ အားလုံးကို အစိုးရနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိပြီဖြစ်ကြောင်း NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။
အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့ ကိုယ်စားလှယ်များ သည် သြဂုတ် ၄ ရက်တွင် နေ ပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထိုသို့ ဆွေးနွေးစဉ် ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်း(၃)နှင့် ပတ်သက်ပြီး နှစ်ဖက်အလုပ်အဖွဲ့အကြား ပြန် လည်ညှိနှိုင်းရာ NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် ကိစ္စဆွေးနွေးမှု ပြီးပြတ်သ လောက်ဖြစ်သည်ဟု ခွန်မြင့်ထွန်း က ပြောသည်။
ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း(၃)တွင်အပိုင်းသုံးပိုင်းပါဝင်မည်ဖြစ်ရာ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ၊ ဖက်ဒရယ်ဆိုင်ရာအ ခြေခံမူများဖြစ်သည်။
‘‘ဒီနေ့တော့ NCA အကောင် အထည်ဖော်မှုဆိုင်ရာမူဘောင် က ဒီနေ့ဆွေးနွေးလို့ ပြီးပြတ်သ လောက်တော့ ဖြစ်သွားပါပြီ။ နောက်ထပ်တစ်ချက်ရတော့ ၁၄ ချက်ပေါ့’’ ဟု ခွန်မြင့်ထွန်းက ပြောသည်။
NCA အကောင်အထည် ဖော်မှုဆိုင်ရာမူဘောင်နှင့်ပတ် သက်သည့် သဘောတူညီချက် များတွင် အနာဂတ်ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီတည်ဆောက်ရန်၊ နိုင်ငံ သားအားလုံး လူမျိုး၊ ဘာသာ မခွဲ ခြားဘဲ တန်းတူရည်တူအခွင့်အ ရေးရရှိစေရန်၊ နိုင်ငံရေးကိစ္စအ လို့ငှာ ဘာသာသာသနာကို အလွဲ သုံးစားမပြုရန်၊ နိုင်ငံရေးနှင့် ဘာ သာရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်အ ချက်များ ပါဝင်သည်။ ယင်းအ ချက်များသည် NCA စာချုပ်၌ ပြဋ္ဌာန်းထားပြီးဖြစ်သည့်အချက် များဖြစ်ပြီး ယခု NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် တွင်လည်း ထပ်မံထည့်သွင်းထား ခြင်းဖြစ်သည်။
ထို့ပြင် NCA တွင် ပါရှိသည့် အချက်များ အနက်အဓိပ္ပာယ်ဖွင့် ဆိုရန်လိုအပ်နေသောအချက်များ ကို ဘုံတူညီသော နားလည်မှုများ ဖွင့်ဆိုချက်များ ရရှိရေး အကျေအလည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်အချက်လည်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်တွင် ပါဝင်သည်။
ပြည်ထောင်စုသဘောတူစာချုပ်ပါအချက်များ အကောင်အ ထည်ဖော်ရာတွင်လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်း လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ရာတွင် လည်းကောင်း NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားရန်လည်း အစိုး ရနှင့် အပစ်ရပ်အဖွဲ့များအကြား သဘောတူညီထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်တွင်ပါရှိသည်။
အဆိုပါ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ မူဘောင်သ ဘောတူညီချက်များ အပါအဝင် အစိုးရနှင့် အပစ်ရပ်အဖွဲ့များအ ကြား ညှိနှိုင်းဆွေးနွေးထားချက် များကို နိုင်ငံရေးပါတီကိုယ်စား လှယ်များအား ရှင်းလင်းပြော ကြားမှုများ ပြုလုပ်ထားပြီးဖြစ် သည်။
အစိုးရဆွေးနွေးရေးကိုယ် စားလှယ် ဦးလှမောင်ရွှေကလည်း သြဂုတ် ၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဖော် ဆောင်နိုင်ရေး၊ JICM ဆုံးဖြတ် ချက်များ အကောင်အထည်ဖော် ရေးအတွက် နှစ်ဖက်အဆိုပြုချက် များ ဆွေးနွေးခြင်း ၊ ၂၁ ရာစုပင် လုံစတုတ္ထအစည်းအဝေးကျင်းပ ကာ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆို နိုင်ရေး အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ သြဂုတ် ၄ ရက် ညနေက ရေးသားခဲ့သည်။ ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဟုလည်း ၎င်းကဆိုသည်။
အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့ အလုပ်အဖွဲ့အကြား သဘောတူညီထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်များ အပါအဝင် ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းမည့် အချက်များကို မကြာမီပြုလုပ်မည့် အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးသို့ တင်ပြ ရန် စီစဉ်ထားသည်။
ထိုမှတစ်ဆင့် အစိုးရ၊ တပ် မတော်နှင့် NCA လက်မှတ်ထိုး ထိပ်သီးခေါင်းဆောင်များ တက် ရောက်မည့် ကိုးကြိမ်မြောက် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ဆွေးနွေးအတည်ပြု မည်ဖြစ်သည်။
**********************************************
END / 251