အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အီရန်နိုင်ငံအပေါ် နိုင်ငံတကာတားဆီးပိတ်ပင်မှုများ ပြန်လည်ချမှတ်ရေးကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏အဖွဲ့ ဝင် ၁၅ ဦးအနက် ၁၃ ဦးကဆန့် ကျင်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့ပြီးနောက် အမေရိကန် သည် ယင်းကိစ္စတွင် ပိုမိုအထီး ကျန်ဖြစ်လာခဲ့သည်။
လွန်ခဲ့သော ၂ နှစ်က အမေ ရိကန်နုတ်ထွက်ခဲ့သော နျူကလီး ယားသဘောတူညီချက်၏ လုပ် ငန်းစဉ်တစ်ခုကို အသုံးပြုနေသ ဖြင့် ဝါရှင်တန်၏လုပ်ရပ်အကျုံးမ ဝင်ကြောင်း ၎င်းတို့ကစောဒက တက်ကြသည်။
အီရန်အပေါ် ကုလသမဂ္ဂ၏ တားဆီးပိတ်ဆို့မှုများရက်ပေါင်း ၃၀ အတွင်း ပြန်လည်ထားရှိရေး ရေတွက်မှုစတင်လိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကပြောကြားပြီး ၂၄ နာရီအတွင်းမှာပင် ယင်းကိစ္စကို ဆန့်ကျင်ကြောင်း မဟာမိတ် ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီ၊ ဘယ်လ်ဂျီယံတို့က ပြောကြားခဲ့ ကြသည်။
တရုတ်၊ ဗီယက်နမ်၊ နိုင်ဂျာ၊ စိန့်ဗင်းဆင့်၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ အက်စ်တိုးနီးယား၊ တူနီးရှားတို့ကလည်း ဆန့်ကျင် ကြောင်း ပြောကြားသည်။
အီရန်က နျူကလီးယား လက်နက်များတီထွင်စမ်းသပ်မှု များကို ရပ်တန့်ခဲ့ပါက တားဆီး ပိတ်ပင်မှုများ လျော့ပါးသက်သာ စေမည့် နျူကလီးယားသဘောတူ ညီချက်ကို ၂၀၁၅ က ကမ္ဘာ့အင် အားကြီးနိုင်ငံများနှင့် သဘောတူ ညီချက်ရယူခဲ့သည်။
သို့သော် ယင်းမှာအဆိုးဆုံး သဘောတူညီချက်ဟုဆိုကာ အ မေရိကန်က ယင်းစာချုပ်မှ ၂၀၁၈ တွင် နုတ်ထွက်ခဲ့သည်။
ရုရှား၊ တရုတ်နှင့် နိုင်ငံအ များအပြားက အီရန်အပေါ် တား ဆီးပိတ်ပင်မှုများပြန်လည်ချမှတ် ဖွယ်မရှိကြောင်း သံတမန်များက ပြောကြားကြသည်။
အီရန်အပေါ် လက်နက်ပိတ် ပင်မှုအား အောက်တိုဘာလ သက်တမ်းကုန်ဆုံးရက်ထက် တိုး ချဲ့ရန်ကိစ္စကို လုံခြုံရေးကောင် စီက ပြတ်ပြတ်သားသားပယ်ချခဲ့ ပြီးနောက် ယခုနောက်ဆုံးအမေရိ ကန်၏ လုပ်ရပ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
*********************************
END / 251