၁၅ စက်တင်ဘာ ၂၀၂၀ - ၁၉:၂၈
ကာတာနိုင်ငံ သည် အာရပ် ၄ နိုင်ငံ ဝိုင်းရံ ပိတ်ဆို့ ထားသည်တိုင် ခုခံ ကာကွယ် နေဆဲ ဖြစ်၏

ကာတာ နိုင်ငံခြားရေး ဝန်ကြီး မှ ကာတာနိုင်ငံ သည်ဆော်ဒီအာရေဗျ ၊ ဘာရိန်း၊ အာရပ် စော်ဘွား များပြည်ထောင်စု နှင့် အီဂျစ် နိုင်ငံ တို့၏ ရက်စက် စွာ ဝိုင်းရံပိတ်ဆို့မှု များကို ဆက်လက်၍ ခုခံ ကာကွယ် လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

Mehr သတင်း အေဂျင်စီ၏ သတင်း အထောက်အထားများ အရ ကာတာ နိုင်ငံ သည် ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ယူအေအီး နှင့်အီဂျစ် နိုင်ငံ တို့၏ ရက်စက်ကြမ်းကြုတ် သောဝိုင်း ရံတိုက်ခိုက်မှုကို ဆက်လက်၍ ခုခံ ကာကွယ် လျက် ရှိကြောင်း ကာတာနိုင်ငံနိုင်ငံခြား ရေးဝန်ကြီး မိုဟမ္မဒ်ဗင် အဗ်ဒိုရဲဟ်မန် အာလေ စာနီ မှ ကြေငြာခဲ့ပါတယ်။

ကာတာ နိုင်ငံခြား ရေး ၀န်ကြီးမှ ဒိုဟာနှင့် ဝါရှင်တန်တို့ အကြား တတိယအကြိမ်မြောက် မဟာဗျူ ဟာမြောက်ဆွေးနွေးပွဲ တွင် ကာတာနိုင်ငံ အနေဖြင့် အာရပ်နိုင်ငံများ၏ အားဝိုင်းရံပိတ်ဆို့မှုအား မိမိတို့၏ ခွန်အား ၊ စွမ်းအား ဖြင့် ဆက်လက် ရင်ဆိုင် သွား မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ကာတာနိုင်ငံနိုင်ငံခြား ရေးဝန်ကြီး မိုဟမ္မဒ်ဗင် အဗ်ဒိုရဲဟ်မန် အာလေ စာနီ မှ ပြောကြား သည်မှာ အမှန်တကယ် ကာတာနိုင်ငံ အနေဖြင့် ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်း တို့၏ ဝိုင်းရံ ပိတ်ဆို့ ထားမှု ကို မအောင်မြင် အောင် ပြုလုပ် နိုင် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ကာတာ နိုင်ငံ ၏ နိုင်ငံခြားရေးပေါ်လစီသည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု နှင့် ဖွဲ့စည်း တည်ဆောက်ထား ပြီး ကာတာ နိုင်ငံ ၏ လူမျိုးရေး တန်ဖိုးကို လည်း ထင်ရှား စေကြောင်း ပြော ကြားခဲ့ပါတယ်။

***********************************

END / 251