၁၆ စက်တင်ဘာ ၂၀၂၀ - ၁၉:၁၁
ဂါဇာဒေသရှိ ပါလက်စတိုင်းမျိုးချစ် များက အစ္စရေး (ဇီယွန်) ကို ဒုံးကျည်ဖြင့် ပစ်ခတ်

အစ္စရေး(ဇီယွန်ဝါဒီများ )နဲ့ ပင်လယ်ကွေ့ အာရပ်နှစ်နိုင်ငံတို့ သံတမန်ဆက်ဆံရေး သဘောတူ စာချုပ်ချုပ်ဆိုပြီးနောက်မှာပဲ ဂါဇာဒေသရှိ ပါလက်စတိုင်းမျိုးချစ် များက အစ္စရေးဘက်ကို ဒုံးကျည်များ နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အစ္စရေး(ဇီယွန်ဝါဒီများ )နဲ့ ပင်လယ်ကွေ့ အာရပ်နှစ်နိုင်ငံတို့ သံတမန်ဆက်ဆံရေး သဘောတူ စာချုပ်ချုပ်ဆိုပြီးနောက်မှာပဲ ဂါဇာဒေသရှိ ပါလက်စတိုင်းမျိုးချစ် များက အစ္စရေးဘက်ကို  ဒုံးကျည်များ နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်းနယ်မြေက ပစ်မှတ်တွေကို  လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ ဂါဇာဒေသက ဟားမတ်စ် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု  ၁၀ ကြိမ်ခန့် လုပ်ခဲ့ပြီး ဂါဇာဒေသကနေလည်း ဒုံးကျည် ၁၅ စင်းခန့် ပစ်လွှတ်ခဲ့တယ်လို့  အစ္စရေး စစ်ဘက်က ပြောဆိုပါတယ်။

ပါလက်စတိုင်း အကြမ်းဖက်သမားတွေ အစ္စရေးကို ပစ်ခတ်တာနဲ့ပတ်သက်လို့ မအံ့သြပါဘူးဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက  ပြောဆိုခဲ့ပါတယ်။

အစ္စရေး ကိုလိုနီ များ မတရား သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသမှာ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေက အမေရိကန် ကြားဝင် စေ့စပ်ပေးတဲ့ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နှစ်နိုင်ငံ  သဘောတူစာချုပ်ကို  ပါလက်စတိုင်း အရေး သစ္စာဖောက်မှုအဖြစ် ရှုမြင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပါတယ်။