အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဂျာနယ်လစ်ဂျမားခါရှိုဂီကိုသတ်ဖြတ်မှုနဲ့ ယီမင်ကစစ်ပွဲတွေနဲ့ပတ်သက်ပြီး ဆော်ဒီကိုလက်နက်တင်ပို့မှုတွေတားမြစ်ပိတ်ပင်သွားဖို့ ဥရောပပါလီမန်က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုတိုက်တွန်းပြောကြားလိုက်ပါတယ်။
ဂျာနယ်လစ်ဂျမားခါရှိုဂီအသတ်ခံရပြီးနောက် ဆော်ဒီကိုလက်နက်တင်ပို့မှုတွေတင်းကျပ်လိုက်တဲ့ ဂျာမနီ ဖင်လန်နဲ့ ဒိန်းမတ်နိုင်ငံတို့ကိုစံနမူနာယူပြီး အဖွဲ့ဝင်နိုင်ငံ အားလုံးလက်နက်တင်ပို့မှုတွေ ပိတ်ပင်သွားဖို့ ဥရောပပါလီမန်အမတ်တွေက ဥရောပလက်နက်တင်ပို့မှုဆိုင်ရာအစီရင်ခံစာထဲမှာ တိုက်တွန်းပြောကြားခဲ့ တာဖြစ်ပါတယ်။
ဆော်ဒီ ယူအေအီးနဲ့ ယီမင်စစ်ပွဲမှာဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့ဝင်နိုင်ငံတွေဆီ တင်ပို့လိုက်တဲ့လက်နက်တွေကို လူပေါင်း၂၂သန်းခန့် လူသားချင်း စာနာထောက်ပံ့ရေးတွေနဲ့ကာကွယ်ရေးတွေလိုအပ်နေတဲ့ ဒီယီမင်နိုင်ငံတွင်းမှာ အသုံးပြုနေခဲ့တာဖြစ်တယ်ဆိုတာကို အစီရင်ခံစာထဲမှာထောက်ပြခဲ့ပါတယ်။ ယီမင်ပဋိပက္ခအတွင်း ဒုက္ခခံစားရတဲ့နောက်ထပ်အရပ်သားတွေတိုးမလာအောင် တားဆီးကာကွယ်ဖို့ ကျန်ရှိတဲ့ဥရောပအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒီလိုတူညီတဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့ကိုပါ အစီရင်ခံစာထဲမှာ တိုက်တွန်းပြောကြားထားပါတယ်။
ဝါရှင်တန်ပို့စ်သတင်းဌာနရဲ့ဆောင်းပါးရှင် ဂျာနယ်လစ်ခါရှိုဂီ ၅၉နှစ်ဟာ ၂၀၁၈ခုနှစ် အောက်တိုဘာမှာ တူရကီနိုင်ငံအစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲဝင်ရောက်ပြီးနောက် မကြာခင်မှာပဲ ဆော်ဒီစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့က သတ်ဖြတ်ပြီးအလောင်းကိုအပိုင်းပိုင်းခုတ် ဖျောက်ဖျက်ပစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလအစောပိုင်းကပဲ ခါရှိုဂီကိုသတ်ဖြတ်ခဲ့သူတွေကို သေဒဏ်ချမှတ်ထားရာကနေ ထောင်နှစ်၂၀အဖြစ် ရီယာ့ဒ်ရာဇဝတ်ခုံရုံးကသတ်မှတ်ခဲ့ပြီး ဂျာနယ်လစ်မိသားစုရဲ့ ခွင့်လွှတ်ပေးမှုကြောင့်ဖြစ်ကြောင်း ဆိုထားပါတယ်။ သူတို့ကိုမနှစ်ကပဲ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အီရန်နောက်ခံပြု ဟူတီသူပုန်တွေက မြို့တော်ဆာနာအပါအဝင် နိုင်ငံရဲ့အစိတ်အပိုင်းအများကိုလွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး သမ္မတအဗဒ်ရာဘူမန်ဆောဟာဒီကို နိုင်ငံတွင်းကနေထွက်ပြေးစေခဲ့ရတဲ့ ၂၀၁၄ခုနှစ်ကတည်းက အကြမ်းဖက်မှုတွေနဲ့ ဖရိုပဖရဲအခြေအနေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ဒီပဋိပက္ခတွေဟာ ဟူတီသူပုန်တွေသိမ်းယူထားတဲ့ နယ်မြေတွေကနေပြန်ဆုတ်ခွာသွားဖို့ ရည်ရွယ်ပြီး ဆော်ဒီဦးဆောင်တဲ့စစ်ဘက်ညွှန်ပေါင်းအဖွဲ့က ၂၀၁၅ခုနှစ်မှာလေကြောင်း တိုက်ခိုက်မှုတွေစတင် လုပ်ဆောင်လုပ်ဆောင်လာခဲ့ချိန်ကတည်းက ပိုမိုဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။
ဒီပဋိပက္ခတွေအတွင်း အရပ်သားတွေအပါအဝင် ယီမင်သောင်းနဲ့ချီသေဆုံးခဲ့ရသလို လူပေါင်း၃.၆၅သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရမှုနဲ့ လူပေါင်း၁၅သန်း လူသားချင်းစာနာေ ထာက်ပံ့ရေးတွေအရေးပေါ်လိုအပ်သွား ရတဲ့ ကမ္ဘာပေါ်မှာအဆိုးဝါးဆုံး လူသားချင်း စာနာထောက် ထားရေး ကပ်ဆိုက် တဲ့ အခြေအနေ တစ်ခု ဖြစ်လာခဲ့ရပါတယ်။
Al Jazeera သတင်းဌာနပါ “EU Parliament urges arms embargo on Saudi Arabia” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။