အီရန်သမ္မတဟာဆန်ရိုဟာနီက တနင်္ဂနွေနေ့ကအစိုးရဝန်ကြီးများအဖွဲ့အစည်းအဝေးအတွင်း ကုလအရေးယူပိတ်ဆို့မှုတွေပြန်လည်အသက်သွင်းဖို့ အမေရိကန် ရဲ့ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံခဲ့တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ချီးကျူးစကားပြောကြားခဲ့ပြီး အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ သေချာပေါက် ကျရှုံးသွားခဲ့ တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီကနေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့သံတမန်ရေးသမိုင်းမှာ သမိုင်းဝင်အမှတ်ရနေမဲ့အထိမ်းအမှတ်တစ်နေ့ ဖြစ်သွားမှာပါ” လို့ရိုဟာနီကဆိုပါတယ်။ နူကလီးယား သဘောတူညီချက်ကနေ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ တစ်ခြားနူကလီးယားအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုရရှိဖို့ ဘယ်လိုကြိုး ပမ်းအားထုတ်နေလဲဆိုတာ ထောက်ပြရင်း အီရန်ကိုမဆင်မခြင်လုပ်လာစေဖို့ အမေရိကန်ကမျှော်မှန်းပြီး တီဟီရန်ကိုဆန့်ကျင်တဲ့ နိုင်ငံတကာညွှန်ပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားဖို့ အကြောင်းပြချက်ရှာနေတာလို့ ရိုဟာနီကပြောကြားခဲ့ပါတယ်။
ဒီကနေ့မှာတော့ အီရန်နိုင်ငံအပေါ် နိုင်ငံရေးအရကော ဥပဒေရေးအရပါ အမေရိကန်ရဲ့အဆုံးစွန်သောဖိအားပေးမှုတွေဟာ အမေရိကန်အတွက် အဆုံးစွန်သောသီးခြားခွဲထုတ်ခံရမှု အဖြစ်ပြောင်းလဲသွားတယ်လို့ ကျွန်တော်တို့ပြောနိုင်ပါတယ်” လို့ရိုဟာနီကဆိုပါတယ်။ နူကလီးယားသဘောတူညီချက်မှာကျန်ရှိနေတဲ့ တစ်ခြားအင်အားကြီးနိုင်ငံ၅နိုင်ငံက ဒီလက်မှတ်ရေးထိုးသဘောတူညီချက်အတိုင်းအပြည့်အဝလုပ်ဆောင်မယ်ဆိုရင် တီဟီရန်ကလည်း သဘောတူညီချက်အတိုင်းအပြည့်အဝလုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတကထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီအရေးယူပိတ်ဆို့မှုလုပ်ရပ်နဲ့ပတ်သက်ပြီး ကုလအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ အမေရိကန်ခွာပြဲခဲ့ပါတယ်။ အဲဒီထဲမှာဝါရှင်တန်နဲ့အရင်းနှီးဆုံးမဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လည်းပါဝင်ခဲ့ပြီး ဒီလိုလုပ်ဆောင်သွားဖို့ တရားဝင်အခြေခံအကြောင်းရင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဥရောပခေါင်းဆောင်တွေက အီရန်ကိုလက်နက်ရောင်းချမှုတွေဆိုင်းငံ့သွားဖို့ အစီအစဉ်ရှိမနေဘူးလို့ အမေရိကန်အတွင်းရေးမှူး မိုက်ပွမ်ပီယိုက တနင်္ဂနွေနေ့ကပြောကြားခဲ့ပါတယ်။ အရေးယူလုပ်ဆောင်မှုတွေနဲ့ ပူးပေါင်းပါဝင်မှုမရှိတဲ့ ဘယ်ကုလအဖွဲ့ဝင်နိုင်ငံမဆို အကျိုးဆက်တွေခံစားရလိမ့်မယ်လို့ ပွမ်ပီယိုကထုတ်ပြန်ချက်ထဲမှာ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Iran chids US as world refuses to reimpose sanctions” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
**********************************
END / 3