၂၆ စက်တင်ဘာ ၂၀၂၀ - ၂၀:၂၇
ပျဉ်းမနားမြို့တွင် ပြည်ခိုင်ဖြိုးပါတီက ဆိုင်ကယ်များဖြင့် လှည့်လည်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယနေ့ (စက်တင်ဘာ ၂၆ ရက်) မွန်းလွဲပိုင်းတွင် ဆိုင်ကယ်များလှည့်လည်ခဲ့ခြင်းကို ပါတီလူငယ်အဖွဲ့က လူဦးရေအနည်းငယ်ဖြင့်ဆောင်ရွက်ခဲ့သော်လည်း ပါတီထောက်ခံဝန်းရံသူများပါဝင်လာသဖြင့် လူဦးရေများပြားခဲ့ခြင်းဖြစ်ဟု ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးထက်မင်းအောင်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယနေ့ (စက်တင်ဘာ ၂၆ ရက်) မွန်းလွဲပိုင်းတွင် ဆိုင်ကယ်များ လှည့်လည်ခဲ့ခြင်းကို ပါတီလူငယ်အဖွဲ့က လူဦးရေအနည်းငယ်ဖြင့်ဆောင်ရွက်ခဲ့သော်လည်း ပါတီထောက်ခံဝန်းရံသူများပါဝင်လာသဖြင့် လူဦးရေများပြား ခဲ့ခြင်းဖြစ်ဟု  ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးထက်မင်းအောင်က ပြောကြားသည်။

အဆိုပါလှည့်လည်မှုကို ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ စတင်ထွက်ခွာချိန်ခဲ့ပြီး စတင်ထွက်ခွာချိန်တွင် လူအင်အား ၁၀၀ သာရှိခဲ့သော်လည်း ပျဉ်းမနားမြို့နယ် ကင်းပွန်းတန်းဘက်မှ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် USDP ပါတီ ထောက်ခံကြသည့် ပြည်သူများ၏ လာရောက်ချိတ်ဆက် ပေါင်းစည်းမှု များကြောင့် လူများသွားခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးထက်မင်းအောင်က ပြောကြားသည်။

“ဘယ်လို ပုံစံမျိုးနဲ့လုပ်ဖြစ်သွားတာလဲဆိုတော့ ခေါင်းဆောင်အဖွဲ့ ငါးဖွဲ့ကနေပြီးတော့ သူတို့က လှည့်ဖို့ တင်ပြတယ်။ ကျွန်တော်တို့ကကျတော့ ကျန်းမာရေးအရ ခေတ္တနားထား ပါတယ်ဆိုတာက သူတို့က မဟုတ်ပါဘူး။  တစ်ဖွဲ့ကို လူ ၂၀ လောက်နဲ့ သွားချင်တယ်ဆိုပြီးတော့ ငါးဖွဲ့ကလာတင်ပြတယ်။ လာတင်ပြတော့၊ ကျွန်တော်တို့လည်း သူများတွေကလည်း လုပ်နေကြတာ၊ မင်းတို့က မလုပ်ဘူးလားဆိုတာမျိုးလေးတွေ ပြောလာတော့၊  အဲဒါဆိုရင်လည်း တင်ပြပေးပါမယ်ဆိုပြီး ကျွန်တော်တို့က ဆောင်ရွက်ပေးလိုက်တာ” ဟု ဦးထက်မင်းအောင်က ပြောကြားသည်။

ထိုသို့ လှည့်ရာတွင် မူလတွင် အင်အားအနည်းငယ်သာရှိခဲ့သော်လည်း လှည့်လည်မှုတွင် ပါဝင်လာမှုများကြောင့် ဆိုင်ကယ်အစီးရေ ၃၀၀ ခန့်ဖြစ်သွားခြင်းဖြစ်ကြောင်း ၎င်းကပြောကြား သည်။

“ ရုံးကတော့ ၁၂ နာရီ ခွဲလောက်ကနေ စထွက်ပါတယ်။အပိတ်အင်အားမှာ ဘယ်လောက်အထိ များလာလဲဆိုတော့ ဆိုင်ကယ်က အဲမှာ အစီး ၃၀၀ လောက်အထိ ဖြစ်သွားမယ်ထင်တယ်။ ကျွန်တော်တို့ကလည်း ရှေ့မှာလူများလာတယ်လို့ ကိုယ်စားလှယ်လောင်းတွေကို ပြောလိုက်တဲ့အခါကျတော့ အခြေအနေ ဒီလိုရှိတယ်ဆိုပြီး နှင်းဆီပန်း အဝိုင်းလောက်မှာပဲ နည်းနည်းလေးလူတွေ ခွဲကြဖို့ပေါ့၊ အဖွဲ့ခွဲကြဖို့၊ ဖြစ်တဲ့အခါမှာ မြို့ထဲကို တစ်ဖွဲ့ခွဲသွားတာမျိုးတောင် ရှိတယ်။ အဲလိုမျိုးလေးတော့ အဖွဲ့လေး နည်းနည်းကွဲသွားတယ်”ဟု ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးထက်မင်းအောင်က ပြောကြားသည်။

အဆိုပါ လှည့်လည်ပွဲတွင် ဆိုင်ကယ် အစီး၃၀၀ ခန့် အပါအဝင် သုံးဘီးဆိုင်ကယ်၊ Light Truck မော်တော်ယာဉ်များလည်း ပါဝင်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁၉ ရက်ကလည်း နေပြည်တော်တွင် NLD ပါတီ အောင်နိုင်ရေး ကော်မတီ နှင့် ပါတီ ထောက်ခံသူများ ပူးပေါင်း၍ ယာဉ်အစီးရေ ရာနှင့်ချီ၍ NLD ပါတီ အောင်နိုင်ရေးအတွက် နေပြည်တော် ရှစ် မြို့နယ်၌ လှည့်လှည်ခဲ့ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ယာဉ်တန်းအား ၄င်း၏ နေအိမ်ရှေ့မှ ကြိုဆိုနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

***************************

END /251