၃၀ စက်တင်ဘာ ၂၀၂၀ - ၂၀:၁၉
၂၀၂၀ခုနှစ်အတွင်း  အစ္စရေး ဖျက်ဆီးဖြိုချခဲ့သည့် ပါလက်စတိုင်း အဆောက်အဦး  ၅၀၀ကျော်ရှိကြောင်း ကုလဖော်ပြ

၂၀၂၀ခုနှစ်အစကတည်းက ဂါဇာပြည်နယ်နဲ့အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသမှာ အစ္စရေးကျူးကျော်အာဏာပိုင်တွေက ပါလက်စတိုင်းအဆောက်အဦး ၅၀၀ကျော်ကို ဖျက်ဆီးဖြိုချခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးရာပြန်ကြားဆက်ဆံရေးကုလရုံး(OCHA) က တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


                                                                                   
၂၀၂၀ခုနှစ်အစကတည်းက ဂါဇာပြည်နယ်နဲ့အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသမှာ အစ္စရေးကျူးကျော်အာဏာပိုင်တွေက ပါလက်စတိုင်းအဆောက်အဦး ၅၀၀ကျော်ကို ဖျက်ဆီးဖြိုချခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးရာပြန်ကြားဆက်ဆံရေးကုလရုံး(OCHA) က တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


အဆောက်အဦးခွင့်ပြုမိန့်ရရှိထားခြင်းမရှိဟုဆိုကာ အနောက်ဘက်ကမ်းမှာအစ္စရေးကျူးကျော်တပ်ဖွဲ့တွေက ပါလက်စတိုင်းတွေရဲ့အဆောက်အဦး ၅၀၆ခုလောက်ကို ဖျက်ဆီးဖြိုချပစ်ခဲ့တယ်လို့ ကုလအေဂျင်စီကပြောကြားခဲ့ပါတယ်။ ၂၀၂၀ခုနှစ်အတွင်း အသိမ်းပိုက်ခံအရှေ့ဂျေရုဆလင်မှာတင် စုစုပေါင်းအဆောက်အဦး ၁၃၄ခုဖျက်ဆီးဖြိုချ ခံခဲ့ရတယ်လို့ တရားဝင်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။


၁၉၆၇ခုနှစ် ၆ရက်တာစစ်ပွဲအတွင်း အရှေ့ဂျေရုဆလင်အပါအဝင် အနောက်ဘက်ကမ်းကို အစ္စရေးတို့ကကျူးကျော်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပါလက်စတိုင်းအိမ်တွေကို ဖျက်ဆီးဖြိုချနေမှုကို ကာကွယ်တဲ့အနေနဲ့ ခွင့်ပြုချက်မရှိဆောက်လုပ်ထားလို့ဖယ်ရှားရတာဖြစ်ကြောင်း အစ္စရေးကအကြောင်းပြထားပါတယ်။ အမှန်တကယ်တော့ ပါလက်စတိုင်းတွေ အတွက် အစ္စရေးဆီကနေဒီလိုခွင့်ပြုချက်ရဖို့ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့်ဇီယွန်ဝါဒီအစ္စရေးကတော့ တရားမဝင်ကျူးကျော်အခြေချ အစ္စရေးတွေ အတွက် ထောင်နဲ့ချီတဲ့ခွင့်ပြုချက်တွေချပေးခဲ့ပါတယ်။
Middle East Monitor သတင်းဌာနပါ “UN: Israel has demolished over 500 Palestinian buildings so far this year” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

************************************

END / 251