အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (အ.စ) အထွေထွေအတွင်းရေးမှူး ချုပ် ဟဇရသ် အာယာ သွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ခါနွန်မ် ရိုကနေအာဗါဒီ ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေး ပို့ခဲ့ပါတယ်။
သဝဏ်လွှာပါ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဗစ်မေလ္လာဟ်ဟေရဲဟ်မန် နေရဟီးမ်
လေးစားရပါသော ဒေါက်တာ ခါနွန်မ် ရိုကနေအာဗါဒီ (ဇိုင်ဒ် ဒေအေဇဟာ )
မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (အ.စ) ၏ အထွေထွေ လူမှုရေး ညွှန်ကြားရေးမှူးချုပ်
سلام علیکم بما صبرتم فنعم عقبی الدار
ရုတ်တရက် လူကြီးမင်း၏ ခင်ပွန်းသည် မရ်ဟွန်မ် အဗူလ်ဖွာဇ်နောင်ရူဇီ အလ္လာဟ် ဟို အရှင်မြတ် အမိန့်ခံယူသွား သည်အပေါ် ဝမ်းနည်း ပူဆွေးစိတ်လှုပ်ရှား ခဲ့ ရပါသည်။
ကွယ်လွန်သူသည် ဘာသာတရား ကိုင်းရိုင်းသည့် တာဝန်ခံအကြီးအကဲများ မှ တစ်ဦး ဖြစ်ပြီး အစ္စလာမ်မစ်တော်လှန်ရေး အမျိုးသား မီဒီယာ ဌာန တွင် နှစ်ပေါင်းများ စွာ ရုပ်သံလိုင်း နှင့်ရေဒီယို အမျိုးမျိုး တို့တွင် တာဝန် ယူ၍ အစ္စလာမ် သာသနာ နှင့် အီရန် နိုင်ငံ အတွက် အလုပ်အကြွေး ပြုခဲ့ သူ ဖြစ်ပါသည်။ နောက်ဆုံး အရ်ဗအီးန် အချိန်အခါ တွင် မိမိချစ်ရသူထံ ထွက်ခွာသွားလေပြီး။
ဝမ်းနည်းကြေကွဲရကြောင်း လေးစားရသည့်လူကြီးမင်း ကိုတင်ပြရင်း မရ်ဟွန်မ် အတွက် ၎င်း၏မောင်လာ ဟဇရသ် အဘာစ် (အ.စ) နှင့် အတူ ပြန်လည် ရှင်သန် ထနိုင် ရန် နှင့် လူကြီးမင်း နှင့် အတူ ကျန်ရစ်သူမိသားစုများ အား လှပသည့် သည်းခံမှု တရား အလ္လာဟ် ဟို အရှင်မြတ် သခင် ချီးမြှင့် ပေးသနားရန် ဒိုအာ ပြုအပ်ပါသည်။
အလ္လာဟ်ဟို အရှင်မြတ် မိမိ၏ မဂ်ဖေရသ် တော် နှင့် ရေဇ်ဝမ်း တော်အား လေးစားချစ်ခင်ရသည့် မရ်ဟွန်မ်၏ ဝိညာဉ်အပေါ် နှင့် လူကြီးမင်း အစ်ကို ရှဟီးဒ် ဟာဂ်ျ ဂဇန်ဖွရ်ရိုကနေအာဗါဒီ အပေါ် သို့ ကျရောက်စေတော်မူပါ။
အင်န်နာလစ်လ္လာဟ်ဟေ ဝအင်နာ အေလိုင်းဟေရာဂျေဟူးန်
ရေဇာ ရမ်တွာန် နီ
အထွေထွေ အတွင်းရေးမှူးချုပ်
အောက်တိုဘာလ ၁၀ ရက်နေ့ ၂၀၂၀ခုနှစ်
*********************************
END/251