၁၃ အောက်တိုဘာ ၂၀၂၀ - ၂၀:၃၀
မုဒိန်းမှု ကျူးလွန် သူတွေကို  သေဒဏ်ပြစ်ဒဏ် ချမှတ်သွား ဖို့ ဥပဒေ ပြင်ဆင်ချက် ဘင်္ဂလားဒေ့ရှ် အစိုးရ အတည်ပြု

ရောဂါကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက လက်ရှိချိန်ထိ ရောဂါပျောက်ကင်းလို့ ဆေးရုံမှ ဆင်းခွင့်ရတဲ့ ရဲတပ်ဖွဲ့ဝင် ၁၆၆ ယောက်ရှိပြီး


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
                                                                                            
လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တောင်အာရှနိုင်ငံမှာလူထုကြားဒေါသထွက်မှုတွေ မြင့်တက်လာမှုနဲ့အတူ မုဒိန်းမှုကျူးလွန်သူတွေကို သေဒဏ်ပြစ်ဒဏ် ချမှတ်တဲ့ ဥပဒေပြင်ဆင်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။


ဝန်ကြီးချုပ်ရှိတ်ဟစီနာဦးဆောင်တဲ့ အပတ်စဉ်ဝန်ကြီးများကောင်စီစည်းဝေးပွဲမှာ ဒီပြင်ဆင်ချက်ဥပဒေကို သဘောတူညီခဲ့တာဖြစ်ကြောင်း အစိုးရဝန်ကြီးများအဖွဲ့အတွင်းရေးမှုး ကန်ဒ်ကာအန်ဝါရူလ်အစ္စလာမ်က တနင်္လာနေ့ကသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရုပ်သံကနေ တစ်ဆင့်တွေ့ဆုံခဲ့ကြတဲ့စည်းဝေးပွဲအတွင်း အမျိုးသမီးများနဲ့ကလေးသူငယ်များအပေါ်ဖိနှိပ်မှုတားဆီးကာကွယ်ရေး(ပြင်ဆင်ချက်)ဥပဒေကြမ်း ၂၀၂၀ ကို ဝန်ကြီးများ ကသဘော တူညီခဲ့ကြတာဖြစ်ကြောင်း အစ္စလာမ်က ပြောကြားခဲ့ပါတယ်။


မုဒိန်းမှုကျူးလွန်တဲ့ဘယ်သူမဆို သေဒဏ်(သို့) ပြင်းထန်တဲ့ထောင်တစ်သက်ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်း ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ ဒီပြဌာန်းချက်အသစ် အသက်ဝင်စေဖို့ အင်္ဂါနေ့မှာအစိုးရကြေငြာချက် ထွက်ပေါ်လာဖို့ရှိကြောင်း ဥပဒေနဲ့တရားရေးဝန်ကြီး အန်အီဆူလ်ဟာ့ဂ်က ပြောကြားခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတွေအတွက် ပိုမိုပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ပေးဖို့နဲ့ ဥပဒေပြောင်းလဲပြင်ဆင်ပေးဖို့ နိုင်ငံတစ်သန်း လူပေါင်းထောင်နဲ့ ချီဆန္ဒပြတောင်းဆိုနေခဲ့ တာဖြစ်ပါတယ်။


နိုင်ငံရဲ့ဝေးလံသီခေါင်တဲ့တောင်ပိုင်းကျေးရွာတစ်ခုမှာ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက လိင်ပိုင်းဆိုင်ရာစော်ကား မှုတွေကျူးလွန်ခဲ့ပြီးနောက် လူဦးရေသန်း ၁၇၀ရှိတဲ့နိုင်ငံမှာ ဆန္ဒပြမှုတွေအုံနဲ့ကျင်းနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ မြို့တော်ဒါးကရဲ့ အရှေ့တောင်ဘက်ကီလိုမီတာ၂၀၀(၁၂၄မိုင်)အကွာမှာတည်ရှိတဲ့ နာအိုခါလီက လိင်ပိုင်းဆိုင်ရာစော်ကားခံရသူအမျိုးသမီးရဲ့နေအိမ်မှာ ဒီတိုက်ခိုက်စော်ကားမှုဖြစ်ပွားခဲ့ပြီးနောက် တစ်လကျော်အကြာမှာ ဒီတိုက်ခိုက်မှု ကျူးလွန်မှုကိုရိုက်ကူး ထားတဲ့ဗီဒီယိုပေါက်ကြားခဲ့ပြီး အဲဒီထဲမှာပါဝင်တဲ့ သံသယရှိသူ၈ဦးကို ရဲတွေကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။


အစိုးရပါတီရဲ့ကျောင်းသားများဆိုင်ရာအဖွဲ့ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ချာထရာလိဂ်ရဲ့အဖွဲ့ဝင်တစ်ချို့က နိုင်ငံမြောက်ပိုင်းမြို့ ဆိုင်လ်ဟက်မှာ အမျိုးသမီးတစ်ဦး ကိုအုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုနဲ့ ဖမ်းဆီးစွဲချက်တင်ခံရပြီးနောက် လူထုကြားဒေါသတကြီးဆန္ဒပြမှုတွေရှိနေတဲ့အချိန်မှာ နာအိုခါလီရဲ့ဗီဒီယို ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစတင်ခဲ့တဲ့ ဒါးကမြို့နဲ့တစ်ခြားမြို့တွေရဲ့လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေအများစုဟာ အမျိုးသမီးကျောင်းသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပြီး မုဒိန်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ရပ်တွေ မြင့်တက်လာတဲ့အပေါ်ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 

“မုဒိန်းသမားတွေကိုကြိုးပေးသတ်” “မုဒိန်းသမားတွေအတွက်ညှာတာမှုမရှိစေရ” စတဲ့ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးခဲ့ကြပါတယ်။
၂၀၂၀ခုနှစ်ရဲ့ ပထမဆုံး၉လအတွင်းမှာတင် အမျိုးသမီး၁ထောင်နီးပါးအဓ္ဓမပြုကျင့်ခံခဲ့ရပြီး အဲဒီထဲက ၅ ပုံ ၁ ပုံဟာ အုပ်စုဖွဲ့အဓ္ဓမပြကျင့်ခံရတာဖြစ်ကြောင်းနဲ့ မုဒိန်းပြု ကျင့်ခံရသူ ၉၇၅ဦးထဲက ၄၃ဦးဟာ တိုက်ခိုက်စော်ကားခံရပြီးနောက် အသတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ အိုင်နိုဆာလစ်ရှ်ကန်ဒရာရဲ့ မကြာသေးမီက အစီရင်ခံစာ ထဲမှာဖော်ပြထားပါတယ်။


Al Jazeera သတင်းဌာနပါ “Bangladesh approves death penalty for rape cases after protests” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*******************************************

END/251