၂၂ အောက်တိုဘာ ၂၀၂၀ - ၀၆:၃၇
NLD ပါတီ အောင်နိုင်ရေး လှည့်လည် လာသည့် ယာဉ်တန်း အား မြို့သစ်မြို့ အဝင်ဂိတ် တွင် တားဆီး

NLD ပါတီ အောင်နိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ်မှ နတ်မောက်မြို့သို့ ချီတက်အင်အားပြ လှည့်လည်လာသည့် ဒေသခံ ထောင်နှင့်ချီပါလာသော ယာဉ်တန်းအား မြို့သစ်မြို့နယ် အဝင်ဂိတ်က ဝင်ခွင့်မပြုသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

NLD ပါတီ အောင်နိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ်မှ နတ်မောက်မြို့သို့ ချီတက်အင်အားပြ လှည့်လည်လာသည့် ဒေသခံ ထောင်နှင့်ချီပါလာသော ယာဉ်တန်းအား မြို့သစ်မြို့နယ် အဝင်ဂိတ်က ဝင်ခွင့်မပြုသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၀ ရက်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ စုရုံးကာ NLD ပါတီအောင်နိုင်ရေး တောင်တွင်းကြီးမြို့မှ နတ်မောက်မြို့သို့ လှည့်လည်ရာ မြို့သစ်မြို့ အဝင်သို့ ရောက်ရှိစဉ် တားမြစ်ခံခဲ့ရကာ နှစ်ဖက်တာဝန်ရှိသူများ အချင်းများခဲ့ပြီး ပါတီအောင်နိုင်ရေး လှည့်လည်လာသည့် ဒေသခံများ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။

“ကျွန်တော်တို့ ယာဉ်တန်းတွေ ရောက်တော့ ဂိတ်က ပိတ်ထားတယ်။ ဆိုင်ကယ်သမားတွေမှာ ဆိုင်ကယ်ဦးထုပ် မပါလို့ ဝင်မရဘူးလို့ ပြောတယ်။ ညှိနှိုင်းပြောတော့လည်း ဘယ်လိုမှမရဘူး။ ကျွန်တော်တို့ အောင်နိုင်ရေး ကားတွေပါ မဝင်ခိုင်းဘူး။ နှစ်ဖက်အချင်းများတာမျိုးတွေ ဘာတွေဖြစ်ပြီး နောက်တော့ ပြန်လှည့်လာခဲ့တယ်။ ခိုက်ရန်ဖြစ်ပွားတာမျိုးတွေ ဘာမျိုးတွေလည်း မဖြစ်ချင်တာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လှည့်လာတာပါ” ဟု အောင်နိုင်ရေး ယာဉ်တန်းအား ဦးဆောင်လာသူ တစ်ဦးက ဆိုသည်။

မြို့သစ်မြို့နယ် အဝင်ဂိတ်သည် ကိုဗစ်ကာလ ကျန်းမာရေးအရ စစ်ဆေးရန် ထားရှိသောဂိတ်ဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေးဌာန၊ ရဲဌာနနှင့် အခြားသောဌာနမှ တာဝန်ရှိသူများ စောင့်ကြည့်စစ်ဆေးသည့် ဂိတ်ဖြစ်သည်။

************************************************

END / 251