အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ် သတင်း ဌာန ၏ သတင်း အထောက်အထား အရ အီရန် အစ္စလာမ်မစ် လေတပ် ၏ လက်ထောက် ညှိုနှိုင်းရေး မှူးချုပ် မိုဟမ္မဒ် စကာအီ မှ ရန်သူ အနေဖြင့် ကျွန်ုပ်တို့ ၏ အံ့သြဖွယ် ကာကွယ်ရေး အင်အား ကို အရေးကြီး ချိန်တွင် တွေ့ရပါလိမ့်မယ် ဟု ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး အာစမန်းနေ ဝေလာယသ် ၉၉ ကာကွယ်ရေး ဆိုင်ရာ စစ်ရေး လေ့ကျင့် မှု ကိစ္စ ဘက်ကို ညွှန်း၍ ပြောကြားသည်မှာ - လေ့ကျင့်ရတွင် အသစ်ဆန်းဆုံး ရေဒါ ၊ ဒုံကျည် များ ၊ စေဝမ်းမ် မေ ခိုရ်ဒါဒ် ခေါ် ကာကွယ်ရေး ဒုံးများ ၊ အက်လက်ထရောနစ် စစ်ဆင်ရေး ၊ အခြား စစ်ဖက်ဆိုင်ရာ ပစ္စည်းများ လက်နက်များ ကိုအောင်မြင်စွာ လက်တွေ့ လေ့ကျင့် နိုင်ခဲ့ကြောင်း ပြောကြား လိုက်ပါတယ်။
အီရန် အစ္စလာမ်မစ် လေတပ် ၏ လက်ထောက် ညှိုနှိုင်းရေး မှူးချုပ် မိုဟမ္မဒ် စကာအီ မှ ရန်သူ အနေဖြင့် ဆက်လက်ပြီး ဒေသဆိုင်ရာ အဆင့် အတွက် အသင့်ပြုထားသည် စစ်ဖက်ဆိုင်ရာ အောင်မြင်သည့် စစ်ရေးလေ့ကျင့် မှုကြောင့် အီရန် နိုင်ငံ ၏ စစ်ဖက်ဆိုင်ရာ ကာကွယ် နိုင်မှု အင်အား ၊ နှင့် အရည်အချင်း စွမ်းအားကို ပြသ ပြီး ဖြစ်ကြောင်း အာစမန်းနေ ဝေလာယသ် ၉၉ ကာကွယ်ရေး ဆိုင်ရာ စစ်ရေး လေ့ကျင့် မှု ဖြင့် အီရန် နိုင်ငံ အနေဖြင့် မိမိတို့ ၏ ကာကွယ် ဆိုင်ရာ အင်အား သတ္တိ အချို့ ကို ပြသ ခဲ့ပြီး ဖြစ်ကြောင်း အီရန်နိုင်ငံ အနေဖြင့် အရေးကြီးလိုအပ်လာသည့် အချိန် ရန်သူ ကို အံ့သြသွား လောက်အောင် ကာကွယ်ရေး စွမ်းအား ကို ပြသနိုင်ဖို့ အသင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်း မှ ဆက်လက်ပြီး အီရန် စစ်တပ် အနေဖြင့် မိမိ နိုင်ငံကို ကာကွယ် ရေး ကဏ္ဍ အား ခိုင်မာအောင် ၊ကြံ့ခိုင်အောင် တည်ဆောက်နေမှု ကိစ္စ အတွက် မိမိတို့ ၏ ရည်မှန်း ချက်များ ဘက်သို့ ဦးတည် ချီတက်နေကြောင်း ပြောကြားခဲ့ပါတယ်။
############################################
END /251