အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဂျာနယ်လစ်ဂျမားခါရှိုဂီကိုသတ်ဖြတ်ဖို့ ဆော်ဒီအိမ်ရှေ့စံမင်းသားကစေခိုင်းခဲ့တယ်လို့ စွပ်စွဲပြီး ခါရှိုဂီနဲ့လက်ထပ်ဖို့စီစဉ်ခဲ့သူ ဟာတစ်ဆန်ဂစ်ဇ်က ဆော်ဒီအိမ်ရှေ့စံမင်းသားကို တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။
ဟာတစ်ဆန်ဂစ်ဇ်နဲ့ ခါရှိုဂီအသတ်မခံရခင် ဖွဲ့စည်းထူထောင်ခဲ့ တဲ့လူ့အခွင့်အရေးအဖွဲ့တို့က ဆော်ဒီအိမ်ရှေ့စံမိုဟာမက်ဘင်ဆလ်မန်နဲ့ တစ်ခြားလူ၂၀ဦးတို့ကို မရေတွက်နိုင်လောက် တဲ့ ထိခိုက်ရမှုတွေအတွက် တရားစွဲဆိုလိုက်တာပဲဖြစ်ပါတယ်။ ခါရှိုဂီဟာ ၂၀၁၈ခုနှစ်က တူရကီမြို့တော် အစ္စတန်ဘူလ်ကဆော်ဒီကောင်စစ်ဝန်ရုံးသို့ သွားရောက် စဉ်အတွင်း ဆော်ဒီအေးဂျင့်အဖွဲ့တစ်ဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရတာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကိုအမိန့်ပေးစေခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အိမ်ရှေ့စံမင်း သားက ငြင်းဆန်ထားပါတယ်။
ခါရှိုဂီဟာ ဆော်ဒီအစိုးရကိုဝေဖန်တဲ့ထင်ရှားတဲ့ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး အမေရိကန်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဝါရှင်တန်ပို့စ်အတွက်လည်း ဆောင်းပါးတွေမကြာ ခဏရေးသားလေ့ရှိပါတယ်။ ဝါရှင်တန်ဒီစီကတရားရုံးမှာ အင်္ဂါနေ့ကတင်သွင်းလိုက်တဲ့စွဲချက်နဲ့ပတ်သက်ပြီး တူရကီနိုင်ငံသူ မစ္စဆန်ဂစ်ဇ်က ပုဂ္ဂိုလ်ရေး အရ ထိခိုက်ခံစားရမှုတွေနဲ့ ခါရှိုဂီသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးခဲ့ရမှုတွေ ရှိခဲ့တယ်လို့ ပြောကြားထားပါတယ်။
ခါရှိုဂီထူထောင်ခဲ့တဲ့လူ့အခွင့်အရေးအဖွဲ့ အာရပ်ကမ္ဘာအတွက်ဒီမိုကရေစီ(Dawn)က သူတို့ရဲ့လုပ်ငန်းတွေလည်း ထိခိုက်ခဲ့ကြောင်းပြောကြားထားပါတယ်။ တရားစွဲခံရသူမိုဟာမက်ဘင်ဆလ်မန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ ခါရှိုဂီအသတ်ခံခဲ့ရကြောင်း စွဲချက်ထဲမှာတင်သွင်းထားပါတယ်။ အသတ်ခံရမှုဟာရှင်းပါတယ်။ အာရပ်ကမ္ဘာမှာ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ကနေခါရှိုဂီရဲ့အကြံပေးမှုတွေကို တားဆီးဖို့ဖြစ်ကြောင်း စွဲချက်ထဲမှာတင်သွင်းထားပါတယ်။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ဗီဒီယိုစည်းဝေးပွဲမှာ မစ္စဆန်းဂစ်ဇ်နဲ့ Dawn လူ့အခွင့်အရေးအဖွဲ့တို့ရဲ့ ရှေ့နေတွေက ဒီတရားစွဲဆိုမှုဟာ ခါရှိုဂီကိုသတ်ဖြတ်မှုအတွက် ဆော်ဒီ အိမ်ရှေ့စံမင်းသားကို အမေရိကန်တရားရုံးက ဥပဒေအရအရေးယူသွားဖို့နဲ့ အမှန်တရားထုတ်ဖော်တဲ့ စာရွက်စာရွက်တမ်းတွေရရှိဖို့အပေါ်မှာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “အမေရိကမှာ ဘယ်အရာမဆိုဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ဂျမားကယုံကြည်ခဲ့ပါတယ်။ အမေရိကန်ပြည်သူ့တရားရေးစနစ်ကနေ တရားမျှ တမှုနဲ့အရေး ယူမှုတွေ လုပ်ဆောင်သွားလိမ့်မယ်လီု့ ကျွန်မလည်းယုံကြည်ထားပါတယ်” လို့မစ္စဆန်ဂစ်ဇ်က ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။
BBC News သတင်းဌာနပါ “Jamal Khashoggi: Journalist’s fiancee sues Saudi crown prince” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
##################################
END / 251