၁၃ ဇန်နဝါရီ ၂၀၂၁ - ၂၀:၂၂
အစ္စရေးကျူးကျော် အခြေ ချသူတွေဆီက ကုန်ပစ္စည်းတွေတင်သွင်းမှုအတွက် ယူအေအီးကို ဟားမက်စ်အဖွဲ့ရှုတ်ချ

အသိမ်းပိုက်ခံအနောက်ဘက်ကမ်းက အစ္စရေးကျူးကျော်သူတွေဆီက ကုန်ပစ္စည်းတွေ တင်သွင်းမှုအတွက် ယူအေအီးကို ပါလက်စတိုင်းဟားမက်စ်အဖွဲ့က တနင်္ဂနွေနေ့ကရှုတ်ချခဲ့ပါတယ်။

အသိမ်းပိုက်ခံအနောက်ဘက်ကမ်းက အစ္စရေးကျူးကျော်သူတွေဆီက ကုန်ပစ္စည်းတွေ တင်သွင်းမှုအတွက် ယူအေအီးကို ပါလက်စတိုင်းဟားမက်စ်အဖွဲ့က တနင်္ဂနွေနေ့ကရှုတ်ချခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာအသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေပေါ်မှာ ဇီယွန်ဝါဒီကျူးကျော်အခြေချမှုတွေကို အားပေးအားမြှောက်ပြုတဲ့သဘောသက်ရောက်နေကြောင်း ဟားမက်စ်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဟာဇမ်ကာဆန်က ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ ယူအေအီး-အစ္စရေးကုန်သွယ်ရေးသဘောတူညီချက်က ဇီယွန်ဝါဒီလက်ယာယိမ်းအဖွဲ့တွေရဲ့ အလေ့အထပေါ်လစီဖြစ်တဲ့ရွှေ့ပြောင်းစေခိုင်းမှုပေါ်လစီကို အားပေးရာရောက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။


အစ္စရေးရုပ်သံချန်နယ်၇ က အစ္စရေးအခြေချသူတွေရဲ့ကုန်စည်ပစ္စည်းတွေကို ယူအေအီးဆီ တနင်္ဂနွေနေ့မှာစတင်တင်ပို့သွားမှာဖြစ်ကြောင်း အစောပိုင်းတုန်းကဖော်ပြခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အမ်းမရိတ်အာဏာပိုင်တွေက မှတ်ချက်ပြုထားခြင်းမရှိသေးပါဘူး။ ယူအေအီးနဲ့ အစ္စရေးတို့ဟာ အမေရိကန်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပါတယ်။ နောက်ပိုင်း ဘာရိန်း ဆူဒန်နဲ့ မော်ရိုကိုတို့ဟာလည်း အစ္စရေးနဲ့သံတမန်ဆက်ဆံရေး အသီးသီးထူထောင်ခဲ့ကြပါတယ်။


ဒီသံတမန်ထူထောင်မှုတွေကို ပါလက်စတိုင်းတွေကကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချထားပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းအရေးအတွက် အကျိုးမရှိသလို သူတို့ရဲ့အခွင့်အရေးတွေကိုလည်းလစ်လျူရှုလိုက်တဲ့ သဘောတူညီချက်တွေဖြစ်ကြောင်း ဝေဖန်ထားပါတယ်။


Middle East Monitor သတင်းဌာနပါ “Hamas slams UAE for importing Israeli settlement goods” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။