အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာစစ်အာဏာသိမ်းယူမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း တူရကီနဲ့ မဟာမိတ်၎နိုင်ငံက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပါတယ်။
“မြန်မာနိုင်ငံကနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိုးရိမ်ပူပန်မိပါတယ်။ ဒီမိုကရေစီနဲ့ အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းစည်ကမ်းတွေအတိုင်း ဥပဒေစိုးမိုးရေးနဲ့ အစိုးရကောင်းတစ်ရပ်ရဲ့အင်္ဂါရပ်ကို လိုက်နာစောင့်ထိန်းသွားဖို့ ကျွန်တော်တို့တိုက်တွန်းလိုပါတယ်” လို့ မက္ကဆီကို အင်ဒိုနီးရှား တောင်ကိုရီးယား တူရကီနဲ့ သြစတြေးလျနိုင်ငံတို့က ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
“နောက်ထပ်တိုက်တွန်းပြောကြားလိုတာက မြန်မာနိုင်ငံကပါတီအားလုံးအနေနဲ့ မိမိကိုယ်မိမိထိန်းသိမ်းကြဖို့နဲ့ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်” လို့ထုတ်ပြန်ချက်ထဲမှာ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တစ်ခြား NLD ပါတီစီနီယာခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းပြီးနောက် မြန်မာစစ်တပ်က နိုင်ငံကိုအရေးပေါ်အခြေအနေကြေငြာခဲ့ပါတယ်။
နောက်တစ်ကြိမ် NLD ပါတီသောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ နိုဝင်ရွေးကောက်ပွဲပြီးနောက် နိုင်ငံလွှတ်တော်အသစ်ရဲ့ပထမဆုံးစည်းဝေးပွဲမတိုင်ခင် စစ်အာဏာ သိမ်းယူမှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ မဲစာရင်းကွာဟမှုတွေရှိနေခြင်းကြောင်း စစ်အာဏာသိမ်းယူရခြင်းဖြစ်ကြောင်း စစ်တပ်ကထုတ်ပြန်ထားပါတယ်။
Anadolu Agency သတင်းဌာနပါ Zuhal Demirci ရေးသားသည့် “Turkey, Int’l group express concern over Myanmar coup” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251