အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဒီကနေ့မှာတော့ ကျန်ရှိနေတဲ့ မြန်မာစစ်တပ်(တပ်မတော်) ပေ့ခ်ျ နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်တွင်းမီဒီယာပေ့ခ်ျတွေကို ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်ကနေ ဖယ်ရှား ပိတ်ပင် လိုက်ပြီဖြစ် သလို စစ်တပ် နဲ့ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းစုပေ့ခ်ျကြော်ငြာတွေကိုပါ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကအခြေအနေကို အရေးပေါ်အခြေအနေအဖြစ်ကျွန်တော်တို့ဆက်လက်စောင့်ကြည့်နေမှာဖြစ်သလို ကျွန်တော်တို့အသိုင်းအဝန်း နဲ့ မြန်မာပြည်သူ လူထုလုံခြုံရေးပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်စောင့်ကြည့်နေမှာဖြစ်ပါတယ်။ လူသေ ဆုံးစေတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ဖေဖေါ်ဝါရီ ၁ရက်နေ့ အာဏာသိမ်းပြီး ကတည်း က ဖြစ်ရပ်တွေကြောင့် ဒီလို ပိတ်ပင် မှုတွေလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်က တပ်မတော်ပေ့ခ်ျတွေကိုခွင့်ပြုထားတာ အရမ်းကို အန္တရာယ်ရှိ တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
ကျွန်တော်တို့လူမှုမီဒီယာတွေပေါ်ကနေ တပ်မတော်နဲ့ဆက်နွယ်တဲ့စီးပွားရေးကြော်ငြာတွေကို တားမြစ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလအချက် အလက် ရှာဖွေရေးမစ်ရှင် က ထုတ်ပြန်လိုက်တဲ့ တပ်မတော်စီးပွားရေးအကျိုးအမြတ်ဆိုင်ရာ၂၀၁၉ခုနှစ်မြန်မာနိုင်ငံအစီရင်ခံစာအတိုင်း လူ့အခွင့်အရေးနဲ့စီးပွားရေးဆိုင်ရာ ကုလညွှန်ကြားရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ အတူ ကျွန်တော်တို့လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီတားမြစ်ပိတ်ပင်မှုတွေဟာ အချိန်ကာလအကန့်အသတ်မရှိ အကျုံးဝင် အကျိုး သက်ရောက်စေမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းကျွန်တော်တို့လူမှုမီဒီယာအသုံးပြုသူတွေအပေါ် သတ်မှတ်ထားတဲ့ တူညီတဲ့စည်းမျဉ်းစည်းကမ်းများအတိုင်းပဲ ဒီပေါ်လစီကိုချိုးဖောက်နေတဲ့ စစ်တပ်ရဲ့ပေ့ခ်ျတွေ အကောင့်တွေအား လုံးက ပို့စ်တွေကိုဖယ်ရှားပြီး တပ်မတော်ကိုအရေးယူလိုက်ပါတယ်။ အောက်ဖော်ပြပါ ညွှန်ကြားချက်အပေါ်မှာအခြေခံပြီး ပိတ်ပင်ဖို့ ဒီဆုံးဖြတ်ချက် ကိုကျွန်တော်တို့ချမှတ်လိုက်တာဖြစ်ပါတယ်။
၁။ တပ်မတော်ရဲ့သမိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်စော်ကားမှုအများအပြားရှိထားပြီး မြန်မာနိုင်ငံမှာ စစ်တပ်အစပျိုးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် တွေ ရှိနေပါ တယ်။ စစ်တပ်ဟာ တိတိကျကျစစ်ဆေးမှုတွေမရှိပဲ အာဏာကိုကျယ်ကျယ်ပြန့်ပြန့်အသုံးချပြီးလုပ်ဆောင်နေပါတယ်။
၂။ လူမှုမီဒီယာပေါ်မှာတင်ခဲ့တဲ့ တပ်မတော်ရဲ့ပို့စ်တွေက သတ်မှတ်စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုသမိုင်းတွေလည်းရှိထားတာကြောင့် ကျွန်တော်တို့ လူမှုမီဒီယာ အသုံးပြုတွေကိုကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ပေါ်လစီအတိုင်းလုပ်ဆောင်ဖို့ အကြိမ်ကြိမ်တွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။
၃။ ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ စစ်တပ်နွယ်အကောင့်တွေ ပေ့ခ်ျတွေဟာ စည်းမျဉ်းချိုးဖောက်မှုတွေရှိနေပါတယ်။ အဲဒီထဲမှာ အစစ်အမှန်မဟုတ်ပဲခိုင်မာမှုမရှိတဲ့ ပြန်ကြားရေးကွန်ရက်တွေြ့ပန်လည်ထူထောင်ဖို့ကြိုးပမ်းအားထုတ်မှုတွေရှိနေပါတယ်။ အကြမ်းဖက်မှု သွေးထိုးလှုံ့ဆော်မှုနဲ့ ပေါ်လစီတွေကို ထိခိုက်စေ တဲ့ သတင်းထုတ်ပြန်မှုစတဲ့အကြောင်းအရာတွေတင်ထားတဲ့ ပို့စ်တွေကို ကျွန်တော်တို့ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။
၎။ စစ်အာဏာသိမ်းမှုဟာ အထက်ဖော်ပြပါအချက်တွေအတိုင်းအန္တရာယ်ရှိမှုတွေတိုးလာပြီး စိုးရိမ်ဖွယ်ဖြစ်စေသလို အွန်လိုင်းခြိမ်းခြောက်မှုတွေဟာ အော့ဖ်လိုင်း ထိခိုက်နစ်နာမှုတွေဆီဦးတည်နိုင်တဲ့ အခွင့်အခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း တပ်မတော်က ကျွန်တော်တို့ရဲ့လူမှုမီဒီယာကိုစော်ကားမှုတွေကနေ တားဆီးဖို့ လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းရပ်တွေပေါ်မှာ ဒီအရေးယူမှုတွေကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုအများအပြားမှာပါဝင်ခဲ့တဲ့ သူတို့ရဲ့အခန်းကဏ္ဍတွေအတွက် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် စစ်တပ်နဲ့နွယ်တဲ့ ပုဂ္ဂလိကနဲ့အဖွဲ့အစည်း စုစုပေါင်း ၂၀ ခန့်ကို ၂၀၁၈ခုနှစ်မှာ ပိတ်ပင် ဖယ်ရှားမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်ထိ တပ်မတော် ထူထောင်တဲ့ သတင်းပြန်ကြားရေးကွန်ရက် ၆ခုထက်မနည်းကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက အများသူငှာထိခိုက်နစ်နာစေတဲ့သတင်းထုတ်ပြန်မှုတွေ အကြမ်းဖက်မှုလုပ်ဖို့သွေးထိုးလှုံ့ဆော်မှုတွေကို တားမြစ်ထား တဲ့ကျွန်တော်တို့ရဲ့ပေါ်လစီတွေကို အဆက်မပြတ်ချိုးဖောက်နေတဲ့အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပေ့ခ်ျ၊ MRTV နဲ့ MRTV Live ပေ့ခ်ျတွေကို ဖယ်ရှား ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကစီမံနေတဲ့ အကောင့်နဲ့ပေ့ခ်ျစုစုပေါင်း ၂၃ခုက ပို့စ်တွေကိုဖြန့်ဝေမှုတွေလျော့ကျစေဖို့ အရမ်းကိုနည်းပါးတဲ့လူတစ်ချို့ဆီသာရောက်ဖို့ ကျွန်တော်တို့လျှော့ချခဲ့ပါတယ်။
ဒီပိတ်ပင်မှုထဲမှာ အစိုးရဝန်ကြီးဌာနတွေ နဲ့ လိုအပ်တဲ့ပြည်သူ့ဝန်ဆောင်မှုအေဂျင်စီတွေပါဝင်ခြင်းမရှိပါဘူး။ အဲဒီထဲမှာ ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာန ပညာရေးဝန်ကြီး ဌာ နပေ့ခ်ျတွေပါဝင်ပါတယ်။ အခြေအနေကိုကျွန်တော်တို့ဆက်လက်စီစစ်စစ်ဆေးမှုတွေလုပ်ဆောင်နေမှာဖြစ်သလို အများပြည်သူဘေးကင်းလုံခြုံရေးအတွက် လိုအပ်သလို ထပ်တိုးအရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
About.fb.com/ Facebook ထုတ်ပြန်ချက်ပါ Rafael Frankel ရေးသားသည့် “An Update on the Situation in Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာ သို့ ဆီလျော်အောင်ပြန်ဆို သည်။
******************************************
END / 251