၂၆ ဖေဖော်ဝါရီ ၂၀၂၁ - ၁၉:၅၅
မြန်မာနိုင်ငံက ထောက်ပံ့ ကူညီရေးပရောဂျက် အသစ်တွေ ကို ရပ်ဆိုင်းသွား ဖို့ ဂျပန် စဉ်းစားနေ

နိုင်ငံတကာကဝေဖန်မှုတွေမြင့်တက်လာတဲ့ ဒီလအစောပိုင်းကစစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံက ထောက်ပံ့ကူညီရေးပရောဂျက်အသစ်တွေကို ရပ်ဆိုင်းသွားဖို့ ဂျပန်ကစဉ်းစားနေကြောင်း အစိုးရသတင်းအရင်းအမြစ်တွေက ကြာသာပတေးနေ့ကပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

နိုင်ငံတကာကဝေဖန်မှုတွေမြင့်တက်လာတဲ့ ဒီလအစောပိုင်းကစစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံက ထောက်ပံ့ကူညီရေးပရောဂျက်အသစ်တွေကို ရပ်ဆိုင်းသွားဖို့ ဂျပန်ကစဉ်းစားနေကြောင်း အစိုးရသတင်းအရင်းအမြစ်တွေက ကြာသာပတေးနေ့ကပြောကြားလိုက်ပါတယ်။


စစ်အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေကို ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင်ဖြစ်တဲ့ ဂျပန်ဟာ တစ်ခြားစီးပွားရေးဖွံဖြိုးပြီးနိုင်ငံ၇နိုင်ငံနဲ့ ပူးပေါင်းပါဝင်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဗြိတိန်တို့နဲ့မတူတာက ဂျပန်ဟာ မြန်မာစစ်တပ်နဲ့ကာလရှည်ကြာဆက်ဆံရေးရှိထားသလို နိုင်ငံတွင်းရင်းနှီးမြုပ်နှံမှုတွေတိုးမြှင့်ရေး ပေါ်လစီတွေကြောင့် မြန်မာစစ်တပ်တာဝန်ရှိသူတွေအပေါ် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့ ဝန်လေးနေတာပဲဖြစ်ပါတယ်။


တရုတ်ကအရှေ့တောင်အာရှနိုင်ငံမှာ သူ့ရဲ့သြဇာအာဏာဖြန့်ကျက်တိုးမြှင့်ဖို့ ဒီအခွင့်အရေးကိုအသုံးချပြီး အကျိုးအမြတ်ယူဖို့ချောင်းနေတာကြောင့် ဘယ်ပရောဂျက်ကိုရပ်ဆိုင်းသွားမယ်ဆိုတာ ဂျပန်အနေနဲ့ သေချာစီစစ်ဆုံးဖြတ်သွားဖို့ မျှော်မှန်းထားပါတယ်။ “ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ အခြေခံအဆောက်အအုံဆောက်လုပ်ရေးပရောဂျက်တွေ ဒါမှမဟုတ် ရင်းနှီးမြုပ်နှံ့မှုတွေကို ဂျပန်ကရပ်ဆိုင်းလိုက်မယ်ဆိုရင် တရုတ်ကိုဝင်လာဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်”လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။


ဂျီ-၇ မဟာမိတ်တွေနဲ့မတူတာကတော့ ဂျပန်ဟာ မြန်မာစစ်တပ်နဲ့ကော ဖြုတ်ချခံလိုက်ရတဲ့ အရပ်သားခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်ရဲ့ NLD ပါတီနဲ့လည်း ဆက်ဆံရေးတွေထိန်းသိမ်းထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခြားထိန်းသိမ်းခံရသူအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရက်တစ်အစိုးရထံအာဏာပြန်အပ်ဖို့ ဂျပန်က မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန်တိုက်တွန်းထားပါတယ်။


ဝန်ကြီးများဆွေးနွေးပွဲမှာ ဂျပန်နဲ့ ဒီနှစ်ရဲ့အာဆီယံဥက္ကဌဘရူနိုင်းတို့က မြန်မာနိုင်ငံကအခြေအနေတွေနဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြောကြားခဲ့ကြသလို အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ဂျပန်က ဖွံဖြိုးတိုးတက်ရေးတရားဝင်ထောက်ပံ့ကူညီမှု စုစုပေါင်း ဂျပန်ယန်း ၁၉၀ဘီလီယံ(ဒေါ်လာ ၁.၈ဘီလီယံ) ခန့်ရှိခဲ့ကြောင်း ဒါဟာ အဖွဲ့ဝင် ၃၀နိုင်ငံပါဝင်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ထောက်ပံ့ကူညီရေးကော်မတီအဖွဲ့အစည်းကြား အကြီးမားဆုံးပမာဏဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ တရုတ်ကတော့နိုင်ငံကိုထောက်ပံ့ကူညီမှုပမာဏကို ဖော်ပြထားခြင်းမရှိပါဘူး။


ဂျပန်ရဲ့အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍတွေကနေ ၅နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လူသားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဖွံဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက်လိုအပ်တဲ့ ငွေကြေးဝန်ဆောင်မှုကဏ္ဍတွေမှာ ဂျပန်ယန်း ၈၀၀ဘီလီယံ ခန့်ထောက်ပံ့သွားမယ်လို့ ၂၀၁၆ခုနှစ်တုန်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးက ဒေါ်စုကိုပြောကြားခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီ ၄၅၀ခန့်ဟာ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာလည်ပတ်လုပ်ဆောင်နေပါတယ်။ ၂၀၁၁ခုနှစ်မှာ ဂျပန်ကုမ္ပဏီ၅၃ခုပဲရှိတာကနေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဂျပန်ဟာ မြန်မာနိုင်ငံမှာ ပဉ္ဒမမြောက်နိုင်ငံခြားရင်းနှီးမြုပ်နှံ့မှုအများဆုံးဖြစ်ပါတယ်။ သူ့ရှေ့မှာတော့ စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင် နဲ့ ဗီယက်နမ်တို့ဖြစ်ကြောင်း မြန်မာအစိုးရရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။


နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ အရေးပေါ်ထောက်ပံ့ကူညီမှုတွေကိုတော့ ဂျပန်ကဆက်လက်ပံ့ပိုးကူညီသွားဖို့စီစဉ်ထားကြောင်း သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ဖေဖေါ်ဝါရီ ၁ရက်နေ့စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကပရောဂျက်တွေကို ပေးပို့သွားမဲ့ငွေကြေးတွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။


Bangkok Post သတင်းဌာနပါ “Japan mulls halting new assistance projects in Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251