အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်စီးပွားရေးဟာ ၅.၉ ရာခိုင်နှုန်း ကျဆင်းမယ်လို့ အရင်က ခန့်မှန်းထားတာပါ။
“လတ်တလောဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ အလုပ်သမားသပိတ်တွေ၊ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ၊ သွားလာလှုပ်ရှားမှု ကျဆင်းသွားတာ၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အင်တာနက်အပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ စတဲ့ ဒဏ်တွေကို မြန်မာနိုင်ငံက အကြီးအကျယ် ခံစားနေရပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
******************************************
END / 251
၂၆ မတ် ၂၀၂၁ - ၁၉:၂၃
News ID: 1126561
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။