အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ သူတွေကိုသာ အခုနှစ် ရမ်ဇာန်ဥပုသ်လ အွမ္မရာဟ် ဘုရားဖူးခရီးစဉ် လာခွင့်ပြုမယ်လို့ ဆော်ဒီအာရဗျ ဟဂ်ျနှင့် အွမ္မရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အွမ္မရာဟ် ပြုလုပ်လိုသူတွေအနေနဲ့ Tawakkalna အက်ပလီကေးရှင်းကနေ စာရင်းတင်နိုင်မှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားကြောင်း ဒါမှမဟုတ် ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားရှိထားကြောင်း အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်။
၁၄ ရက်ခြားပြီး နှစ်ကြိမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေ၊ ကိုဗစ်ကူးစက်ပြီး ပြန်ကောင်းသွားကာ ပိုးမရှိတော့တဲ့သူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လာမယ့်တစ်ပတ်မှာ စတင်ကျရောက်မယ့် ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းခွင့်ပြုမယ့် လူအရေအတွက်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်းကိုတော့ တင်းတင်းကြပ်ကြပ် လိုက်နာရမယ်လို့ ဟဂ်ျနှင့်အွမ္မရာဟ်ရေးရာ ဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
လာမယ့် ၃ လအတွင်း ကျရောက်တော့မယ့် ဟဂ်ျဘုရားဖူး ကာလနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ဘာမှ မဖော်ပြထားပါဘူး။ ဆော်ဒီဟာ ပြီးခဲ့တဲ့ဟဂ်ျကာလမှာ ကမ္ဘာတစ်ဝှမ်းက လူအနည်းငယ်သာ ကိုဗစ်စည်းကမ်းနဲ့အညီ ဟဂ်ျပြုခွင့်ပေးခဲ့ပြီး ခေတ်သစ်သမိုင်းမှာ လူဦးရေအနည်းဆုံးဟဂ်ျ ဖြစ်ခဲ့ပါတယ်။
******************************************
END / 251
၇ ဧပြီ ၂၀၂၁ - ၀၀:၀၆
News ID: 1129351
ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ သူတွေကိုသာ အခုနှစ် ရမ်ဇာန်ဥပုသ်လ အွမ္မရာဟ် ဘုရားဖူးခရီးစဉ် လာခွင့်ပြုမယ်လို့ ဆော်ဒီအာရဗျ ဟဂ်ျနှင့် အွမ္မရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။