အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဆဒုံးတိုက်နယ် လဂါတ်တောင်ကုန်းပေါ်ရှိ ခမရ ၃၈၉ တပ်စခန်းကို ကေအိုင်အေက ဧပြီ ၁၉ ရက်နေ့ နေ့လည်၁၂နာရီ လောက်မှာ တိုက်ခိုက်ချေမှုန်းခဲ့ပြီး ထိခိုက် ကျဆုံးမှု အခြေအနေကိုတော့ ကေအိုင်အေဘက်က မထုတ်ပြန်သေးပါဘူး။
မိုးမောက်မြို့နယ် စီဟက်ရွာဘက်မှာလည်း ဧပြီ ၁၉ ရက် ညနေ ၅ နာရီလောက်ကနေ စတင်ပြီး ကေအိုင်အေနဲ့ ခမရ ၃၂၀ စစ်ကောင်စီတပ်တွေ တောင်ကုန်းတောင်အောက် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် တစ်နာရီလောက် ပစ်ခတ်ခဲ့ကြသလို အနီးကပ် တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ အနီးနားက ကျေးရွာတွေမှာတော့ ရွာသားတွေ စစ်ရှောင်နေကြပြီး လူသူ မရှိတော့ သလောက်ဖြစ်နေပါတယ်။
ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။
*****************************************************************
END / 251
ဇင်ကျန်းပြည်နယ်မှာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်ကျူးလွန်မှုတွေအတွက် တရုတ်မှာအပြစ်ရှိကြောင်း HRWရဲ့ အစီရင်ခံ စာမှာ ဖော်
၂၀ ဧပြီ ၂၀၂၁ - ၁၉:၂၂
News ID: 1133351
ဆဒုံးတိုက်နယ် လဂါတ်တောင်ကုန်းပေါ်ရှိ ခမရ ၃၈၉ တပ်စခန်းကို ကေအိုင်အေက ဧပြီ ၁၉ ရက်နေ့ နေ့လည်၁၂နာရီ လောက်မှာ တိုက်ခိုက်ချေမှုန်းခဲ့ပြီး ထိခိုက် ကျဆုံးမှု အခြေအနေကိုတော့ ကေအိုင်အေဘက်က မထုတ်ပြန်သေးပါဘူး။