အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
လူ့အခွင့်အရေးဆိုင်ရာအရေးကိစ္စတွေဟာ ပြဿနာတွေဖြစ်ပွားနေတဲ့ဒေသတွေဆီက ထုတ်ကုန်ပစ္စည်းတွေကိုရှောင်ကြဉ်ဖို့ အဓိကကျတဲ့ကမ္ဘာ့ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေအပေါ် ဖိအားတွေပိုလာစေပြီး သုံးစွဲသူတွေနဲ့ ရင်းနှီးမြုပ်နှံ့သူတွေအပေါ်ယခုအခါ ကြီးမားတဲ့စိုးမိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ကုန်ပစ္စည်းဈေးကွက်ရဲ့ အဓိကနေရာတွေမှာ စတင်ခြိမ်းခြောက်မှုတွေ အဖြစ်ပြောင်း လဲလာနေခဲ့ပြီဖြစ်ပါတယ်။
အဲဒီထဲမှာထင်ရှားတဲ့ဥပမာအနေနဲ့ ဝါဂွမ်းဈေးကွက်ပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံက ဝါဂွမ်းဈေးနှုန်းဦးတည်ရာအလားအလာဟာ တရုတ်ရဲ့အကြီးမားဆုံးဝါဂွမ်းအရင်းအမြစ်ဖြစ်တဲ့ ဇင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် အတင်းအဓ္ဓမအလုပ်စေခိုင်းမှုတွေနဲ့ တစ်ခြားချိုးဖောက်စော်ကားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြား ကွဲပြားမှုတွေရှိလာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းစုတွေဟာ အထူးသဖြင့် ဇင်ကျန်းပြည်နယ်ထုတ်တင်ပို့ကုန်တွေကို ဝါရှင်တန်ကစတင်တင်းကျပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် တရုတ်ဝါဂွမ်းထုတ်ကုန်တွေကို ရှောင်ကြဉ်မှုတွေလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
နာမည်ကြီးကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ H&M နဲ့ Nike တို့လို ကုမ္ပဏီလုပ်ငန်းတွေဟာ တရုတ်ဝါဂွမ်းထုတ်ကုန်တွေကို ရှောင်ကြဉ်မှုတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲကြောင့် ဈေးနှုန်းထိုးကျဆင်းမှုဖိအားတွေရှိလာမယ်လို့ မျှော်မှန်းထားကြပါတယ်။ တရုတ်ဟာ အိန္ဒိယပြီးနောက် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဝါဂွမ်းထုတ်လုပ်တဲ့နိုင်ငံဖြစ်ကြောင်း ၂၀၂၀ခုနှစ် ဇူလိုင်မှာသုတေသနပြုခဲ့တဲ့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်ဝါဂွမ်းထုတ်ကုန် ၈၀%ခန့်ဟာ ဇင်ကျန်းပြည်နယ်ထုတ်ကုန်ဖြစ်ပြီး ဒီဒေသမှာချည်ထည်စက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေ အများအပြားရှိပါတယ်။
“ကုမ္ပဏီတွေဟာ တရုတ်ကိုရှောင်ပြီးသူတို့လိုအပ်တဲ့ဝါဂွမ်းထုတ်ကုန်တွေကို တစ်ခြားကနေမှာယူတာမျိုးစတင် ထူထောင်လုပ်ဆောင်နေပြီဖြစ်ပါတယ်” လို့ အထူးကုန်သွယ်ရေးအသင်းက ကိုယ်စား လှယ်တစ်ဦး ကပြောကြားခဲ့ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်းတွေဟာလည်း တန်ဖိုးကြီးကျောက်တွေအဓိကထုတ်တဲ့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဟာ လေလံပွဲမှာ ဒေါ်လာ သန်းပေါင်း များစွာနဲ့ရောင်းချနိုင်တဲ့ အရည်အသွေးမြင့်တန်ဖိုးရှိ “ခိုသွေး” ပတ္တမြားတွေနဲ့ အရည်အသွေးကောင်းတဲ့ကျောက်စိမ်းတွေထွက်ရှိမှုနဲ့ ထင်ရှားလူသိများပါတယ်။
ကမ္ဘာလုံးဆိုင်ရာနာမည်ကြီးကုမ္ပဏီတွေကလည်း ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြောကြားထားပါတယ်။ အမေရိကန်ကျောက်မျက်ကုမ္ပဏီ Tiffany & Co က သူတို့ဟာမြန်မာနိုင်ငံက ပတ္တမြားတွေကို ဝယ်ယူခြင်းမရှိကြောင်း သူတို့ရဲ့ဝက်ဆိုက်ဒ် မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေဆဲလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပွင့်လင်းမှုအားနည်းမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာအရေးကိစ္စတွေကြောင့်လို့ သူတို့ကအခိုင်အ မာပြောကြား ထား ပါတယ်။ မြန်မာနိုင်ငံကလူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကြောင့် ပတ္တမြားဝယ်ယူတဲ့ကုမ္ပဏီတွေဟာမြန်မာနိုင်ငံကနေတည်ငြိမ်မှုရှိ တဲ့ မိုဇမ်ဘစ်ဂ် ဆီ ဦးတ ည်ပြောင်း လဲခဲ့ကြောင်း ဂျပန်နိုင်ငံက ကျောက်မျက် ရတနာအကြံပေးနဲ့ ပြခန်းဥက္ကဌ နိုဘူယူကီဟာရာဒါ ကပြောကြားခဲ့ပါတယ်။
ر
နိုင်ငံပိုင်ကုမ္ပဏီလုပ်ငန်းစုတွေကနေတစ်ဆင့် ကျောက်မျက်ကုန်သွယ်မှုတွေကနေ စစ်တပ်ကိုအကျိုးအမြတ်မြောက်များစွာရရှိစေမှုအတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာကဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်ဟာ ၂၀၀၀ ခုနှစ်ကတည်းက အရေးယူပိတ်ဆို့မှုတွေနဲ့ ဒီလုပ်ငန်းတွေကိုအချိန်တိုင်းပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက် နောက်တစ်ကြိမ်ထပ်မံ အရေးယူပိတ်ဆို့ မှုတွေလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံပိုင်ကုမ္ပဏီတွေ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးတွဲလုပ်ခွင့်တွေကိုပိတ်ပင်ခဲ့ပါတယ်။
“အကြမ်းဖက်မှုတွေမရပ်သရွေ့ တရားမျှတမှုမဲ့စွာဖမ်းဆီးထားသူအားလုံးကို ပြန်မလွှတ်သရွေ့ မာရှယ်လောထုတ်ပြန်ထားမှုကိုပယ်ဖျက်ပြီး နိုင်ငံအရေးပေါ်ကြေငြာထားချက်ကို မပယ်ဖျက်သရွေ့ အင်တာနက် ဆက်သွယ်ရေးကွန်ရက်တွေကိုတင်းကျပ်ထားမှုတွေကို မပယ်ဖျက်သရွေ့ မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မတင်ပေးသရွေ့ အမေရိကန်က မြန်မာစစ်အစိုးရရဲ့ဝင်ငွေလမ်းကြောင်းတွေပေါ်မှာ ဖိအားတိုးမြှင့်လုပ်ဆောင်သွားမယ်ဆိုတာ မြန်မာစစ်တပ်ကိုရှင်းရှင်းလင်းလင်း ကျွန်တော်တို့ပြောကြားထားပါတယ်။” လို့ အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်က ဒီလအစောပိုင်းတုန်းက ထုတ်ပြန်ချက်ထဲမှာပြောကြားထားပြီး မြန်မာကျောက်မျက်ရတနာလုပ်ငန်းစုအပေါ် အရေးယူပိတ်ဆို့မှုတွေကို ကြေငြာခဲ့ပါတယ်။
Nikkei Asia သတင်းဌာနပါ Munemasa Horio နဲ့ Misa Hama တို့ရေးသားသည့် “Xinjiang cotton and Myanmar jade show human rights pressure on commodities” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251