အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ နေရာအနှံ့ ရှိနေပေမဲ့ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကြောင်းမှာ မန္တလေးမြို့ လေးပြင်လေးရပ်က သံဃာတော်တော်တွေအပြင် လူငယ် လူရွယ်တွေလည်း ပူးပေါင်းပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံခဲ့ကြပါတယ်။
ဒီကနေ့မှာဆိုရင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေဟာ သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက် ဖြိုခွင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ လုပ်နေကြပါတယ်။
*****************************************************************
END / 251
၂ မေ ၂၀၂၁ - ၂၁:၂၂
News ID: 1137139
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ နေရာအနှံ့ ရှိနေပေမဲ့ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ပါတယ်။