၈ မေ ၂၀၂၁ - ၀၅:၃၆
ဘရာဇီးရဲတပ်ဖွဲ့က ရီယိုဒီဂျနေရိုးမြို့ရှိ  မူးယစ် ဆေးဝါးဂိုဏ်းကို စီးနင်း တိုက်ခိုက်ခဲ့ သဖြင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး

ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မေလ၆ရက်ကမူးယစ်ဆေးဝါးရောင်းသူများနှင့်ရဲများ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ အနည်းဆုံးလူ၂၅ဦးသေဆုံးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မေလ၆ရက်ကမူးယစ်ဆေးဝါးရောင်းသူများနှင့်ရဲများ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ အနည်းဆုံးလူ၂၅ဦးသေဆုံးခဲ့သည်။

ယင်းစီးနင်းမှုအတွင်း ဘရာဇီးရဲများသည် တိုက်ပွဲသုံးလက်နက်အများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။

ရဲတပ်ဖွဲ့ သည်သတင်းစာရှင်းလင်းပွဲတွင် အဆိုပါလက်နက်များကိုခင်းကျင်းပြသခဲ့ရာ မောင်းပြန်ရိုင်ဖယ် ခြောက်လက်၊ပြောင်းတို သေနတ်၁၅လက်၊စက်သေနတ်တစ်လက်၊ လက်ပစ်ဗုံး၁၄လုံး၊ အမြောက်ကျည်ဆန် တစ်ခုတို့ ပါဝင်ခဲ့သည်။

ဆင်းရဲသားရပ်ကွက်ဂျာကာရက်ဇင်ညို စီးနင်းမှုတွင်ပစ်မှတ်ထားခံရသူများသည် အိမ်ခေါင်မိုးများပေါ်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြချိန်တွင်ရဲများသည် သံချပ်ကာကားများ၊ ရဟတ်ယာဉ်များဖြင့် ရောက်လာသည်ကို ရုပ်သံတွင်ဖော်ပြခဲ့သည်။

တဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်တွင် ရီယိုမြို့၌ အပြင်းထန်ဆုံးရဲစစ်ဆင်ရေးဖြစ်ခဲ့ရာ ရပ်ကွက်နေသူများသည် မိမိတို့၏နေအိမ်များတွင် ပုန်းအောင်းနေခဲ့ကြရသည်။

ရဲအရာရှိသုံးဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး ဦးခေါင်းဒဏ်ရာရခဲ့သောရဲသည် ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

ပစ်ခတ်မှုအတွင်း ပစ်လိုက်သောကျည်ဆန်များသည် အမြန်ဓာတ်ရထားကို ထိမှန်ခဲ့ပြီး ကွဲသွားသောပြတင်းပေါက်မှ မှန်ကွဲစများကြောင့် ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ က ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် ရဲတစ်ဦးပါဝင်ခဲ့ပြီး ကျန်ရှိသူများမှာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်များဟု ယူဆရသူများဖြစ်သည်။

သေဆုံးခဲ့သူများတွင် ဆင်းရဲသားရပ်ကွက်ကို လွှမ်းမိုးထားသောမူးယစ်ရောင်းဝယ်ရေးဂိုဏ်း၏ ခေါင်းဆောင်များလည်းပါဝင်ပြီး သံသယရှိသူအနည်းဆုံးဆယ်ဦးကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ယခုစီးနင်းမှုသည် ဘရာဇီးဆင်းရဲသား ရပ်ကွက်များတွင် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော အကြမ်းဖက်မှုများကို ဆယ်စုနှစ်များစွာခံစားခဲ့ကြရသော ရီယိုပြည်နယ်အတွက် ၁၆ နှစ်အတွင်း လူသေဆုံးခဲ့သည့် တစ်ခုတည်းသော ရဲတပ်ဖွဲ့စစ်ဆင်ရေးဖြစ်သည်။

ရီယိုဒီဂျနေရိုး အစိုးရရှေ့နေများသည် ရဲတပ်ဖွဲ့ကိုကြီးကြပ်ရန်ဖွဲ့စည်းပုံဆိုင်ရာ တာဝန်ရှိနေပြီး ရဲများ၏ မတရားလုပ်မှုများကို စုံစမ်းစစ်ဆေးရန်တာဝန်ရှိနေကြောင်း လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့သည်။

လူသေဆုံးမှုများကို အသေးစိတ်ကျကျ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးရန်လည်း HRW ကတောင်းဆိုခဲ့သည်။

ယခုနှစ် ပထမသုံးလအတွင်း စီးနင်းမှုများတွင် ရီယိုရဲများကြောင့် လူ၄၅ဝကျော် သေဆုံးခဲ့ရပြီး အနည်းဆုံး ရဲလေးဦးသေဆုံးခဲ့ရသည်ဟု HRW ကဆိုသည်။ယင်းပမာဏအရ ရဲတပ်ဖွဲ့များသည် ယခုနှစ်ပထမသုံးလအတွင်း တစ်ရက်လျှင် လူငါးဦးကျော်ခန့် ပျမ်းမျှသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အစိုးရက စစ်တမ်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုအမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။

ကပ်ရောဂါကျရောက်နေချိန်အတွင်း အလွန်ထူးခြားသည့် ကိစ္စရပ်များမှလွဲ၍ အဆိုပါ စစ်ဆင်ရေးများကိုတားမြစ်ကြောင်း ဗဟိုတရားရုံးကဆုံးဖြတ်ထားသော်လည်း ရဲများ၏  လက်ချက်ဖြင့် လူသေဆုံးမှုများဖြစ်ပွားခဲ့သည်။  

                   
*****************************************************************
END / 251