အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အနောက်ဘက်ကမ်းနှင့် အကြမ်းဖက် အစ္စရေး (ဇီယွန်) နိုင်ငံအတွင်းတွင် အလွန်ပြင်းထန်သည့် တော်လှန်မှုေ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၁၄ ရက်တွင် အကြမ်းဖက် အစ္စရေး (ဇီယွန်) တိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက် အစ္စရေး (ဇီယွန်) စစ်တပ်က ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် အကြမ်းဖက် အစ္စရေး (ဇီယွန်) နှင့် အကြမ်းဖက်မှု ကိုခံပါလက်စတိုင်း များကြား ငါးရက်ကြာဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို လျှော့ချရန် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အကြမ်းဖက် အစ္စရေး (ဇီယွန်) လေတပ်သည် ဂါဇာဒေသအတွင်းရှိ အဆောက်အအုံများကို တစ်ညလုံး တိုက်ခိုက်ခဲ့ပြီး ဂါဇာဒေသအတွင်းမှ ရော့ကတ်များသည်လည်း အကြမ်းဖက် အစ္စရေး (ဇီယွန်) နိုင်ငံအတွင်းသို့ ကျရောက်ခဲ့သည်။
ဂါဇာဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်ခံ နေရသည့် ပါလက်စတိုင်းဘက်မှ ကလေးသူငယ် ၃၁ ဦးအပါအဝင် သေဆုံးသူ ၁၂၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၉၅၀ ဦးခန့်ရှိခဲ့သည်။
ပြည်တွင်းတွင် ဂျူး-အာရပ် ပဋိပက္ခကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည့် အကြမ်းဖက် အစ္စရေး (ဇီယွန်) သည် ပါလက်စတိုင်းနယ်မြေများတွင်လည်း တိုက်ပွဲများနှင့် ရင်ဆိုင်နေရပြီး ယင်းအခြေအနေသည် မကြာသေးမီနှစ်များအတွင်းက မကြုံစဖူးအခြေအနေဖြစ်ခဲ့သည်။
ဂျေရုဆလင် မြို့ ရှိ ကွတ်ဒ်စ် ဗလီ ဝတ်ကျောင်းတော် တွင် ပါလက်စတိုင်းပြည်သူလူထု မှ နမာဇ် ဝတ်ပြုမှုကို အကြမ်းဖက် အစ္စရေး (ဇီယွန်) မှ အကြမ်းဖက်တားမြစ်ခဲ့ပါတယ်။ ထိုအခါ ဟားမာ့စ်နှင့် အခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များကအကြမ်းဖက် အစ္စရေး (ဇီယွန်) ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို တုံ့ပြန်သည့်အနေဖြင့် အကြမ်းဖက် အစ္စရေး (ဇီယွန်) သည် ဂါဇာဒေသကို မေလ ၁၀ ရက်က စတင်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မေလ ၁၀ ရက်ကတည်းက ဂါဇာဒေသအတွင်းမှအကြမ်းဖက် အစ္စရေး (ဇီယွန်) နိုင်ငံသို့ ပစ်လွှတ်ခဲ့သည့် ရော့ကတ်ပေါင်း အစင်း ၂,၀၀၀ ကျော်ရှိခဲ့ပြီး ကလေးသူငယ် တစ်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ကာ လူပေါင်း ၅၆၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်။
အကြမ်းဖက် အစ္စရေး (ဇီယွန်) ၏ တုံ့ပြန်တိုက်ခိုက်မှုများတွင် မေလ ၁၄ ရက်က ဟားမာ့စ်တို့၏ မြေအောက်လှိုဏ်ခေါင်းကွန်ရက်ကို ကြီးမားသည့် တိုက်ခိုက်မှုအပါအဝင် ပစ်မှတ်ပေါင်း ၈၀၀ နီးပါးကို ထိမှန်ခဲ့သည်။
တာဝါများနှင့် လူနေအိမ်များမှာ အလုံးစုံပျက်စီးသွားခဲ့ပြီး ဂါဇာဒေသအတွင်းရှိ မိသားစုများသည် နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုမဖြစ်ပွားမီ စာသင်ကျောင်းများနှင့် ဗလီများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
မေလ ၁၄ ရက်အစောပိုင်းတွင်အကြမ်းဖက် အစ္စရေး (ဇီယွန်) စစ်တပ်သည် ဂါဇာစီးတီး မြို့လယ်ရှိ ဟားမာ့စ်တို့၏ စစ်ဆင်ရေးရုံးကို တိုက်ခိုက်ခဲ့ပြီး မြေအောက်မှ ဒုံးကျည်ပစ်လွှတ်သည့်နေရာများကိုလည်း တစ်ညလုံး တိုက်ခိုက်ခဲ့သည်ဟုအကြမ်းဖက် အစ္စရေး (ဇီယွန်) စစ်တပ်က ပြောကြားခဲ့သည်။
အရှေ့ဂျေရုဆလင်တွင် ပါလက်စတိုင်း ဆန္ဒပြသူများနှင့် အကြမ်းဖက် အစ္စရေး (ဇီယွန်) တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဂါဇာဒေသတွင် ယခုဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ၂၀၁၄ ခုနှစ်စစ်ပွဲပြီးနောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့သည်။
အနောက်ဘက်ကမ်းဒေသတွင်လည်း မေလ ၁၄ ရက်က အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
*****************************************************************
END / 251
ဂါဇာဒေသကို အကြမ်းဖက် အစ္စရေး (ဇီယွန်) က လေကြောင်း တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့သဖြင့် သေဆုံးသူဦးရေ မြင့်တက်လာ
၁၅ မေ ၂၀၂၁ - ၂၁:၁၂
News ID: 1141256
အနောက်ဘက်ကမ်းနှင့် အကြမ်းဖက် အစ္စရေး (ဇီယွန်) နိုင်ငံအတွင်းတွင် အလွန်ပြင်းထန်သည့် တော်လှန်မှုေ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၁၄ ရက်တွင် အကြမ်းဖက် အစ္စရေး (ဇီယွန်) တိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက် အစ္စရေး (ဇီယွန်) စစ်တပ်က ပြောကြားခဲ့သည်။