၁၇ မေ ၂၀၂၁ - ၁၉:၀၆
 တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ကို Facebook က ယခု အချိန် အ သုံး  ပြုခွင့် ပိတ်ပင် ထား

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ကို Facebook က သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ တည်ရှိခွင့် ပိတ်ပင်ထားဆဲလို့ သိရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ကို Facebook က သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ တည်ရှိခွင့် ပိတ်ပင်ထားဆဲလို့ သိရပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေကို အရင် အရပ်သားအစိုးရက ၂၀၁၉ ခုနှစ်မှာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာခဲ့တာပါ။

အဲဒီနောက်ပိုင်း Facebook က ဒီအဖွဲ့အစည်းတွေရဲ့ Group တွေ၊ Page တွေကို ဖြုတ်ချခဲ့ပါတယ်။ ဒီလို ဖြုတ်ချလိုက်တာဟာ မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း ပြန့်နှံ့မှုကို တားဆီးလိုက်သလို ဖြစ်သွားစေတယ်လို့ ကျွမ်းကျင်သူတွေက ဝဖေန်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တက်လာတဲ့ စစ်ကောင်စီ၊ ဖြုတ်ချခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဝေးရောက်အစိုးရအဖွဲ့ နှစ်ခုစလုံးက AA ကို အကြမ်းဖက်အဖွဲ့အစည်း စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

KIA၊ KNU တို့ အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ထားပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

Facebook က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူတို့ရဲ့ ပလက်ဖောင်းမှာ တည်ရှိခွင့် ပိတ်ပင်မှုဟာ အခုအချိန်အထိ ရှိနေဆဲလို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဂျာနယ်လစ်တွေက ဒါဟာ ပြည်သူတွေရဲ့ မျက်စိနဲ့နားကို ပိတ်ထားတာ ဖြစ်တယ်လို့ ဝဖေန်ခဲ့ပါတယ်။

Facebook ဟာ စစ်ကောင်စီကိုလည်း အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က Facebook ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို လိုက်မမီဘူးလို့ ဝဖေန်ခဲ့သလို၊ မြန်မာနိုင်ငံအတွက် သီးသန့် စောင့်ကြည့်ရေးဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။


*****************************************************************
END / 251