အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မြန်မာ-ထိုင်း နယ်စပ် မဲဆောက်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသား နှစ်ဦး စီးလာသော ကားပေါ်မှ အမေရိကန်ဒေါ်လာများ၊ ထိုင်း ဘတ်ငွေများနှင့် ရွှေစင်အတုံးများကို မေ ၂၅ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့မှ သောင်ရင်းကမ်းစပ်ရှိ မယ်တော်ကမ်းနဖူးသို့ မြန်မာနိုင်ငံသား နှစ်ဦး စီးနင်းလိုက်ပါလာသည့် ပစ်ကပ်ကားအား ထိုင်းစစ်တပ်မှ သံသယဖြင့် စစ်ဆေးရာ ထိုင်းဘတ်ငွေ ၄၁ သိန်း၊ အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ရွှေစင်ရွှေပြား ငါးခုတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်း အမှတ် ၂၇ လှေဆိပ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်ပါလာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့ကို ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။
မော်တော်ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား နှစ်ဦးတို့ကို မဲဆောက် ရဲတပ်ဖွဲ့စခန်းသို့ ခေါ်ယူစစ်ဆေးလျက် ရှိသော်လည်း ပစ္စည်းများပိုင်ရှင်မှာ အောင်ထူး (၂၇) နှစ် ဆိုသူဖြစ်ပြီး ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးကြောင်း မဲဆောက်ဘက်မှ လာသော သတင်းများအရ သိရသည်။
Related Articles
*****************************************************************
END / 251
မြန်မာ-ထိုင်း နယ်စပ် မဲဆောက်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသား စီးလာသော ပစ်ကပ်ကားပေါ်မှ ဒေါ်လာများ၊ ထိုင်းဘတ်ငွေများနှင့် ရွှေစင်တုံးများ ဖမ်းဆီးရမိ
၂၆ မေ ၂၀၂၁ - ၁၉:၃၀
News ID: 1144607
မြန်မာ-ထိုင်း နယ်စပ် မဲဆောက်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသား နှစ်ဦး စီးလာသော ကားပေါ်မှ အမေရိကန်ဒေါ်လာများ၊ ထိုင်း ဘတ်ငွေများနှင့် ရွှေစင်အတုံးများကို မေ ၂၅ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။