၃၀ မေ ၂၀၂၁ - ၁၉:၀၇
ထောက်ပံ့ ရေး ပစ္စည်း များ တင်ဆောင် ထား သော တရုတ် အာကာသ ယာဉ် အာကာသ စခန်း ၌ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့

ထောက်ပံ့ရေးပစ္စည်းများ၊ စာနပ်ရိက္ခာများ တင်ဆောင်ထားသော တရုတ် ကုန်တင် အာကာသယာဉ်တစ်စင်းသည် မေ ၃၀ ရက် တွင် တရုတ်နိုင်ငံ အနာဂတ်အာကာသစခန်း၏ ယာဉ်အစိတ်အပိုင်းတစ်ခုနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ထောက်ပံ့ရေးပစ္စည်းများ၊ စာနပ်ရိက္ခာများ တင်ဆောင်ထားသော တရုတ် ကုန်တင် အာကာသယာဉ်တစ်စင်းသည် မေ ၃၀ ရက် တွင် တရုတ်နိုင်ငံ အနာဂတ်အာကာသစခန်း၏ ယာဉ်အစိတ်အပိုင်းတစ်ခုနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

Long March 7 ဒုံးပျံယာဉ်သည် စားနပ်ရိက္ခာ၊ ပစ္စည်းပစ္စယ၊ လောင်စာဆီစသော လိုအပ်သောပစ္စည်းများ တင်ဆောင်ထား သည့် Tianzhou – 2 အာကာသယာဉ်ကို သယ်ဆောင်လျက် မေ ၂၉ ရက်နှောင်းပိုင်း တွင် တောင်ပိုင်း ဟိုင်နန် အပူပိုင်းကျွန်းရှိ ဝင်ချာန်း အာကာသယာဉ် လွှတ်တင်ရေး စခန်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ Tianzhou – 7  ကုန်တင်အာကာသယာဉ်သည် Tiangong အာကာသစခန်း၏ အဓိက ယာဉ်အစိတ်အပိုင်းဖြစ်သော Tianhe နှင့် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၃၁ မိနစ်အချိန်တွင် အောင်မြင်စွာ ချိတ် ဆက်နိုင်ခဲ့ကြောင်း လူ လိုက်ပါသော တရုတ် အာကာသအေဂျင်စီ (CMSA) ကထုတ်ပြန် ခဲ့သည်။

Tiangong  တရုတ်အာကာသစခန်း တွင် ပစ္စည်းအစိတ်အပိုင်း တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ယင်းအာကာသစခန်းသို့ ကုန်တင်အာကာ သယာဉ် စေလွှတ်မှုကို ၁၀ ကြိမ်ဝန်းကျင် လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဖြစ်သည်။

နိဗ္ဗာန်ဘုံ နန်းတော် ဟု အဓိပ္ပါယ်ရသည့် Tiangong အာကာသစခန်းတွင် ပစ္စည်း အစိတ်အပိုင်းတပ်ဆင်မှုလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် အလုံးစုံပြီးစီးနိုင်မည်ဟု မျှော်လင့်ရပြီး လုပ်ငန်းပြီးစီးပါက Tiangong အာကာသစခန်းကို ကမ္ဘာ ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းတွင် ၁၅ နှစ်ကြာ ထားရှိထားမည် ဟု ခန့်မှန်းရသည်။

၂၀၂၈ ခုနှစ်နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို အနားပေး ရုပ်သိမ်းနိုင်ဖွယ်ရှိခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း လုပ်ငန်းရပ်ဆိုင်းပါက Tiangong သည် ကမ္ဘာ့ဂြိုဟ်ပတ်လမ်းတွင် လူများအခြေစိုက်ရာ စခန်းတစ်ခု ဖြစ် လာနိုင်ဖွယ်ရှိသည်။

လက်ရှိတွင် Tianzhou-7 ကုန်တင် အာကာသယာဉ်သည် Tiangong အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ရာ Tianzhou-7 တွင် တင်ဆောင်လာသော ဝက်သားမွှကြော်၊ ကြက်သားဟင်းအပါအဝင် စားသောက်ကုန် များကို အာကာသစခန်းရှိ အာကာသယာဉ်မှူးသုံးဦးထံ ပေးပို့မည်ဖြစ်ကြောင်း CMSA က ဆိုသည်။ စက်ပစ္စည်းများနှင့်လိုအပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်း ပေးပို့သွားမည် ဖြစ်ကြောင်း CMSA ဒါရိုက်တာ ဟောင်ချွင်း က ပြောကြားခဲ့သည်။

ကမ္ဘာဂြိုဟ်ပတ်လမ်းတွင် ရည်ရွယ်ချက်ကြီးမားသော စီမံကိန်းများ၊ လ နှင့် အင်္ဂါဂြိုဟ်ပေါ်သို့ လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ်များ စေလွှတ်ခြင်းနှင့်အတူ အာကာသ နည်းပညာတွင် ရှေ့ဆောင်လမ်းပြဖြစ်နေ သော ရုရှားနှင့်အမေရိကန်အား အမီလိုက်နိုင်ရန် ကြိုပမ်းမှုအဖြစ် တရုတ်အစိုးရက ၎င်း၏ အာကာသအစီအစဉ်ထဲသို့ ဒေါ်လာ ဘီလျံများစွာ ထည့်ဝင်ခဲ့သည်။

ယခုလအစောပိုင်းတွင် တရုတ်၏ Zhurong အာကာသယာဉ်မှာ အင်္ဂါဂြိုဟ်ပေါ် သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ရာ အင်္ဂါဂြိုဟ် ပေါ်သို့ အာကာသယာဉ်ကို အောင်မြင်စွာစေလွှတ်နိုင်သည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့ သည်။   

*****************************************************************
END / 251