၅ ဇွန် ၂၀၂၁ - ၁၀:၀၀
မြန်မာ ကို နောက်ထပ် အရေးယူ ပိတ်ဆို့မှု တွေလုပ်သွား မယ်လို့ အီးယူ ခြိမ်းခြောက်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အကြီးအကဲခေါင်းဆောင်ဖြစ်သူ မနေ့က စစ်တပ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို မြန်မာစစ်အစိုးရနဲ့ သံတမန်ရေးအခြေအနေတင်းမာမှုတွေမြင့်တက်လာနေပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖရိုဖရဲအခြေအနေဖြစ်နေမှုတွေကို အဆုံးသတ်ဖို့ အရှေ့တောင်အာရှသံတမန်နှစ်ဦလည်း မြန်မာကိုရောက်ရှိနေပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အကြီးအကဲခေါင်းဆောင်ဖြစ်သူ မနေ့က စစ်တပ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို မြန်မာစစ်အစိုးရနဲ့ သံတမန်ရေးအခြေအနေ တင်းမာ မှုတွေမြင့် တက်လာနေပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖရိုဖရဲအခြေအနေဖြစ်နေမှုတွေကို အဆုံးသတ်ဖို့ အရှေ့တောင်အာရှသံတမန်နှစ်ဦလည်း မြန်မာကိုရောက်ရှိနေပါတယ်။


လတ်တလောမှာတော့ ဥရောပသမဂ္ဂ(အီးယူ)က အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို လာမဲ့ရက်ပိုင်းအတွင်း အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်သွားဖို့ စီစဉ်ထားကြောင်း အီးယူနိုင်ငံခြား ရေးပေါ်လစီအကြီးအကဲက ပြောကြားခဲ့ပါတယ်။


ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံက ကစဥ့်ကလျားအခြေအနေထဲကျရောက်နေခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အရပ်သား ၈၄၅ဦးထက်မနည်းသေဆုံးခဲ့သလို ၄၅၀၀ ကျော်ထောင်ချခံထားရကြောင်း ပြည်တွင်းတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။


အဓိကကျတဲ့နိုင်ငံတကာသံတမန်ရေးအားထုတ်မှုတွေကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)က ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေးကြိုးစားဖို့ အဖွဲ့ဝင်နိုင်ငံအားလုံး ဘုံသဘောတူညီချက်ချမှတ်ပြီးကတည်းက တိုးတက်မှုအနည်းငယ်သာရှိနေခဲ့ပါတယ်။ ကုလသမဂ္ဂ အနောက်နိုင်ငံတွေနဲ့ တရုတ်တို့က အာဆီယံရဲ့ကြားဝင်စေ့စပ်ရေးအခန်းကဏ္ဍကို အားပေးထောက်ခံထားပေမယ့် အင်အားကြီးအနောက်နိုင်ငံတစ်ချို့က စစ်အစိုးရအဖွဲ့ဝင်တွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


“မြန်မာစစ်အစိုးရကို တတိယမြောက်အရေးယူပိတ်ဆို့မှုတွေကိုပြင်ဆင်နေပါတယ် ရက်ပိုင်းအတွင်းသဘောတူညီချက်ရရှိတော့မှာပါ” လို့ အီးယူနိုင်ငံခြားရေးဝန်ကြီး ဂျို့စ်ဘိုရယ်က ဂျာကာတာမြို့ကိုရောက်ရှိစဉ်အတွင်း ပြောကြား ခဲ့ပါတယ်။


Gulf Daily News သတင်းဌာနပါ “EU threatens more sanctions against Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။



*****************************************************************
END / 251