၆ ဇွန် ၂၀၂၁ - ၁၇:၅၃
မြန်မာ နိုင်ငံက အကြမ်းဖက် မှုတွေ နဲ့ပတ်သက်ပြီး စိုးရိမ် ပူပန်ကြောင်း ထိုင်း ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံအနှံ့အပြားက မငြိမ်အသက်မှုဖြစ်စဉ်တွေနဲ့ ထိခိုက်ပျက်ဆီးမှုတွေဖြစ်စေတဲ့ အကြမ်းဖက်မှုဖြစ်စဉ် ပတ်သက်ပြီး ထိုင်းနိုင်ငံကစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့စစ်အာဏာ သိမ်းပြီးကတည်းက ကစဥ့်ကလျားဖြစ်နေတဲ့ နိုင်ငံရဲ့အခြေအနေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


                                                                              
မြန်မာနိုင်ငံအနှံ့အပြားက မငြိမ်အသက်မှုဖြစ်စဉ်တွေနဲ့ ထိခိုက်ပျက်ဆီးမှုတွေဖြစ်စေတဲ့ အကြမ်းဖက်မှုဖြစ်စဉ် ပတ်သက်ပြီး ထိုင်းနိုင်ငံကစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့စစ်အာဏာ သိမ်းပြီးကတည်းက ကစဥ့်ကလျားဖြစ်နေတဲ့ နိုင်ငံရဲ့အခြေအနေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။


ပြီးခဲ့တဲ့ဧပြီတုန်းက အာဆီယံနိုင်ငံတွေကြားချမှတ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဒေသတွင်းဆိုင်ရာအထူးသံတမန်ခန့်အပ်ရေး တို့ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က အလေးဂရုပြုတဲ့ပုံမပြသသေးပါဘူး။ “မြန်မာနိုင်ငံကအခြေအနေတွေကို ကျွန်တော်တို့အရမ်းကိုစိုးရိမ်ပူပန်စွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်ဖြစ်ရပ်တွေဖြစ်ပွားနေပါတယ်။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တာနီဆန်ဂရက်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။


အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရေးနဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ခိုင်မာစွာအကောင်အထည်ဖော်ရေးတို့ကို ဖြစ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်သွားဖို့ သူကထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းယူပြီးကတည်းက စစ်တပ်ဟာ နိုင်ငံကိုအပြည့်အဝထိန်းချုပ်လို့မရသေးပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၈၄၇ဦးထက်မနည်းသတ်ဖြတ်ခဲ့သလို ၄၅၀၀ ကျော်ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။


အာဆီယံက ပြင်းပြင်းထန်ထန်အရေးယူမှုတွေလုပ်ဆောင်ဖို့ ပျက်ကွက်အားနည်းမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့အတိုက်အခံအဖွဲ့တွေက စိတ်ပျက်ရကြောင်းထုတ်ဖော်ပြောကြားခဲ့သလို အာဆီယံအဖွဲ့က ကိုယ်စားလှယ်နှစ်ဦး စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သောကြာနေ့ တွေ့ဆုံမှုဟာ သူ့ကိုတရားဝင်မှုကြီးကြီးမားမားပေးလိုက်တာဖြစ်ပေမယ့် ဘာမှအကျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံကပဋိပက္ခတွေကြောင့် ဒုက္ခသည်အလုံးလိုက် ဝင်ရောက်လာမှာကို တစ်ခြားနိုင်ငံတွေထက်ပိုပြီးကြောက်နေရပါတယ်။ ထိုင်းအစိုးရကိုယ်တိုင်ကလည်း ရွေးကောက်ပွဲမကျင်းပခင် စစ်အာဏာသိမ်းပြီးအာဏာရယူခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်းဖြစ်နေပါတယ်။


“ထိုင်းလုပ်ခဲ့တာအများအပြားကို လူသိရှင်ကြားကြေငြာခဲ့ခြင်းမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေကြား တိတ်တဆိတ်နဲ့ သိုသိပ်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ဟာ ပိုပြီးထိရောက်မယ်လို့ ယုံကြည်ထားသလို ဒါဟာထိုင်းနိုင်ငံ သံတမန်ရေးအစဉ်အလာနဲ့လည်း ကိုက်ညီမှုရှိပါတယ်” လို့ တာနီကပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Thailand concerned over violence in Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



*****************************************************************
END / 251