၆ ဇွန် ၂၀၂၁ - ၁၉:၀၂
အိန္ဒိယ၌ COVID-19 ကူးစက်မှု နှုန်း လျော့ကျ လာသောကြောင့် ဒေလီနှင့် မွမ်ဘိုင်းမြို့ တို့တွင် Lockdown ဖြေလျှော့

အိန္ဒိယနိုင်ငံတွင် သီတင်းပတ်ပေါင်းများ စွာ COVID-19 ကန့်သတ်ချက်စည်းမျဉ်း များ ချမှတ်ခဲ့ပြီးနောက် အဓိကမြို့အများအ ပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျော့ကျခဲ့ သည့်အတွက်နယူးဒေလီမြို့တွင် COVID-19 Lockdown နောက်ထပ်ဖြေလျှော့ မှုတစ် ရပ်အနေဖြင့် ဇွန် ၇ ရက်တွင် ဈေးများနှင့် ဈေးဝယ်စင်တာကြီးများကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည်ဟု ဒေလီဝန်ကြီးချုပ် အာဗင်း ကီဂျီဝဲလ်က ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ




အိန္ဒိယနိုင်ငံတွင် သီတင်းပတ်ပေါင်းများ စွာ COVID-19 ကန့်သတ်ချက်စည်းမျဉ်း များ ချမှတ်ခဲ့ပြီးနောက် အဓိကမြို့အများအ ပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျော့ကျခဲ့ သည့်အတွက်နယူးဒေလီမြို့တွင် COVID-19 Lockdown နောက်ထပ်ဖြေလျှော့ မှုတစ် ရပ်အနေဖြင့် ဇွန် ၇ ရက်တွင် ဈေးများနှင့် ဈေးဝယ်စင်တာကြီးများကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည်ဟု ဒေလီဝန်ကြီးချုပ် အာဗင်း ကီဂျီဝဲလ်က ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။

ဒေလီမြေအောက်ရထားပြေးဆွဲမှုများ ကို ၅၀ ရာခိုင်နှုန်း ပြန်လည်လုပ်ဆောင်သွား မည်ဟုလည်း ၎င်းကဆိုသည်။

လုပ်ငန်းခွင်များကိုလည်း ဝန်ထမ်းဦးရေ ထက်ဝက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်သော် လည်း ကီဂျီဝဲလ်ကမူ ပြည်သူများအနေဖြင့်အ တတ်နိုင်ဆုံး နေအိမ်မှသာအလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်။

ဒေလီတွင် လွန်ခဲ့သော သီတင်းပတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် စက်ရုံ များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

“သူတို့တွေ(ဆောက်လုပ်ရေးလုပ်ငန်း ခွင်များနှင့်စက်ရုံများ)ကို ပြန်ဖွင့်ခွင့်ပြုလိုက် တာ တစ်ပတ်လောက်ရှိပြီ။COVID-19 အ ခြေအနေကတော့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတုန်းပါ။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း(ဇွန် ၄ ရက်)မှာ ကူးစက်ခံရသူသစ် ၅ဝဝအောက် လျော့နည်းခဲ့ပါတယ်” ဟု ကီဂျာဝဲလ်ကပြော ကြားခဲ့သည်။

“COVID-19 အခြေအနေ တိုးတက် လာတဲ့အတွက် အခုချိန်မှာ စီးပွားရေးတွေ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ကူးစက်မှုတွေက ဒီအခြေ အနေလေးအတိုင်း ဆက်ထိန်းထားနိုင်ဖို့ကျွန် တော်တို့ဆုတောင်းနေပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယ၏ စီးပွားရေးအချက်အချာနေ ရာဖြစ်သည့် မွမ်ဘိုင်းမြို့ပါဝင်သည့် မဟာ ရက်ရှ်ထရာပြည်နယ်အစိုးရက ဗိုင်းရပ်စ်ကူး စက်မှုနှုန်းနှင့် ဆေးရုံခုတင်နေရာတည်ရှိမှု အပေါ်အမှီပြု၍ ကန့်သတ်ချက်စည်းမျဉ်းများ ဖြေလျှော့ရန် အဆင့်ငါးဆင့်စီစဉ်ထားသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ငါးရာခိုင်နှုန်း အောက်ရှိပြီး ဆေးရုံခုတင်နေရာအလွတ် ၂၅ ရာခိုင်နှုန်းအောက်ရှိသည့်အခြေအနေ ကို အဆင့်တစ်အဖြစ် သတ်မှတ်ထားပြီးယင်း အခြေအနေရှိဒေသများတွင် စားသောက်ဆိုင် များ၊ဈေးဆိုင်များနှင့် ဈေးဝယ်စင်တာများ အားလုံးကိုဖွင့်လှစ်ခွင့်ပြုသွားမည်ဟုဆို သည်။

အဆင့်ငါးအဖြစ် သတ်မှတ်ထားသည့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၂၀ ရာခိုင်နှုန်းကျော် ရှိသည့်ဒေသများကိုတင်းကျပ်သောအသွား အလာကန့်သတ်ချက်စည်းမျဉ်းများ အောက်  တွင်ထားရှိသွားမည်ဟုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း နေ့အလိုက်ဗိုင်း ရပ်စ်ကူးစက်သူဦးရေသည် မေလတွင် လေး သိန်းမှ ၁၂၀,၀၀၀ အထိ လျော့ကျခဲ့သည်ဟု တရားဝင်ထုတ်ပြန်ထားသည့်စာရင်းတွင် ဖော်ပြခဲ့သည်။ဇွန် ၄ ရက်၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၃,၃၈ဝဦးရှိပြီး သေဆုံးမှုနှုန်းလျော့ ကျသွားသော်လည်း အမှန်တကယ်သေဆုံး သူဦးရေသည် တရားဝင်ထုတ်ပြန်ထားသည့်  ဦးရေထက်ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင် သူများက ခန့်မှန်းထားကြသည်။


*****************************************************************
END / 251