၈ ဇွန် ၂၀၂၁ - ၁၅:၀၀
အကြမ်းဖက် စစ်ကောင်စီ အား လုံးဝ လက်မခံ ကြောင်း ဂျပန် အောက်လွှတ်တော် အတည်ပြု ဆုံးဖြတ်

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း ဇွန်လ ၈ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပတဲ့ ဂျပန်အောက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးက အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့  အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း  ဇွန်လ ၈ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပတဲ့ ဂျပန်အောက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးက အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်အမြန်ဆုံး ပြန်လည်ထူထောင်ရန်တောင်းဆိုချက် အဆိုသွင်းမှုကိုလည်း လွှတ်တော်တွင်း ကိုယ်စားလှယ်အများစုက လက်ခံခဲ့ကြပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချ အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုတွေနဲ့ မျှော်လင့်ချက်တွေအပေါ် ကင်းမဲ့စေတဲ့အတွက် စစ်ကောင်စီကို အသိအမှတ်လုံးဝမပြုကြောင်း ဂျပန်-မြန်မာပါလီမန်အမတ်များချစ်ကြည်ရေးဥက္ကဋ္ဌ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော် အမတ်မစ္စတာ အိချီရိုအီဆာဝါက ပြောပါတယ်။

*****************************************************************
END / 251