၉ ဇွန် ၂၀၂၁ - ၁၉:၁၄
လှိုင်သာယာ တွင် ​ဆိုင်ကယ်စီး  ပြည်သူ များကို သေနတ် ပစ်ဖောက် ဖမ်းဆီး နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဇွန် ၉ ရက် ဒီနေ့ မနက်က ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေကို လမ်းပြပုလိပ်တွေက သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ  ဇွန် ၉ ရက် ဒီနေ့ မနက်က ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေကို လမ်းပြပုလိပ်တွေက  သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေတယ်လို့  ဒေသခံတွေကပြောပါတယ်။

“ဒီနေ့မွန်းတည့်  ၁၂ နာရီလောက်က သမကုန်းမှတ်တိုင်နားမှာ မော်တော်ပီကယ် လမ်းပြပုလိပ်က ဆိုင်ကယ်ဖမ်းတာ သေနတ် ၂ ချက် ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် လူထိခိုက်မှုတော့ မရှိဘူး”လို့ ဒေသခံက ဆိုပါတယ်။

လှိုင်သာယာမှာ အခြေခံလူတန်းစားတွေ အများဆုံးစီးလေ့ရှိတဲ့ မော်တော်ဆိုင်ကယ်ကို နေရာအနှံ့အပြားမှာ အတင်းအကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေ သွားလာ ရေးအခက်တွေ့နေတယ်လို့ သိရပါတယ်။

*****************************************************************
END / 251