၁၄ ဇွန် ၂၀၂၁ - ၁၉:၂၅
ဆော်ဒီ အမျိုးသမီးများ သည် ဖခင်သို့မဟုတ် အုပ်ထိန်းသူ အမျိုးသား မရှိဘဲ နေထိုင်ခွင့် ရှိ

ဆော်ဒီ အာရေဗျ နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ၏ ဥပဒေ တွင် အရေးကြီး ပြောင်းလဲ မှု ကို ပြုခဲ့ပါတယ်။ ထိုဥပဒေပြောင်းလဲ မှုကြောင့် နိုင်ငံ အတွင်း ဆော်ဒီ အမျိုးသမီးများ သည် ဖခင် သို့မဟုတ် အုပ်ထိန်း သူ အမျိုးသား မရှိဘဲ နေထိုင်ခွင့် ရှိလာ မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီက်နာ သတင်းဌာန၏ သတင်းအထောက် များ အရ ဆော်ဒီ အာရေဗျ ၏ ဥပဒေ ဆိုင် ရာ အာဏာ ပိုင်များ အနေဖြင့် ဥပဒေပုဒ်မ ၁၆၉ (ခ) အား ပျက်သိမ်းလိုက်ပါတယ်။ ၎င်း ဥပဒေပုဒ်မ ၁၆၈ မှာ အရွယ်ရောက် အမျိုးသမီး ၊ တစ်ခုလပ်အမျိုးသမီး ၊ သို့မဟုတ် မုဆိုးမ သည် အုပ်ထိန်းသူ အမျိုးသား လက်အောက်တွင် သာ ရှိရမည် ဖြစ်ပါတယ်။

ဥပဒေတွင် ပြင်ဆင်မှုပြုရင်းတင်ပြလာရှိသည်မှာ - အရွယ်ရောက် အမျိုးသမီး ကို မိမိနေချင် သည်နေရာတွင် နေထိုင်ခွင့် ရှိကြောင်း အုပ်ထိန်းသူများ အနေဖြင့် မိမိလက်အောက်ရှိ အမျိုးသမီးသည် ရာဇဝတ်မှု ကို ကျူးလွန်ရန် အထောက်အထား အခိုင်အလုံ ရှိနေချိန်မှာ သာ သက်ဆိုင်ရာ ကို အကြောင်းကြား နိုင်ကြောင်းလာရှိပါတယ်။

ဂိုလ်ဖ် သတင်းဌာန၏ သတင်းအထောက်အထား အရ အကယ်၍ အမျိုးသမီး တစ်ဦးတစ်ယောက်ကို ထောင်ဒဏ် ချမှတ်ပြီးနောက် ထောင်ကျ၍ ချုပ်ရက် ပြည့် သွားပြီးနောက် အုပ်ထိန်းသူ ထံ ပြန် အပ်ဖို့ မလိုကြောင်းသိရှိရပါတယ်။

ရှေ့နေ နာအေဖ် မာန်ဆီ အနေဖြင့် မက္ကာဟ်ဟေလ်မိုကရေမာ သတင်းဌာန နှင့် အမေး အဖြေ ကဏ္ဍ တွင် မိသားစု ဝင်များ အနေဖြင့် မိမိတို့ ၏ သမီးများ နှင့် ပတ်သက်ပြီး တစ်ဦးတည်းနေထိုင်လို၍ တရားရုံကို အမှုဖွင့် တိုင်ကြားလျှင် တရားရုံးများ ဤအမှုကို လက်ခံပေးမည် မဟုတ်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီမီဒီယာ အနေဖြင့် ၂၀၁၉ ခုနှစ် တွင် ပထမဆုံး အကြိမ် အသိပေး ဖော်ပြသည်မှာ - အုပ်ထိန်းသူအမျိုးသားများ အနေဖြင့် အုပ်ထိန်းမှု စနစ်ကို အလွဲ သုံးစား ပြုနေကြောင်း ဖြစ်ပါတယ်။

အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေ သည့် Saudi Gazette သတင်းစာ အရ ဆော်ဒီ အစိုးရ ရှေ့ နေ စအူးဒ်ဒိုလ်မိုဂျီးဗ် မှ အုပ်ထိန်းမှု ကို အလွဲသုံးစားပြုနေချိန် မိမိ၏ ရုံး အနေဖြင့် အမျိုးသမီးများ ကလေးငယ်များ (သို့) မိဘများ ကို လုံခြုံမှု ပေးရန် စောင့်ရှောက်နိုင်ရန် အစွမ်းကုန် ကြိုးစား မည် ဖြစ်ကြောင်း အုပ်ထိန်းသူများ ကို အလွဲသုံးစားပြုခွင့် ပေးမည် မဟုတ်ကြောင်း ပြောကြား ထားပြီးဖြစ်ကြောင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် ဆော်ဒီ အမျိုးသမီးများ ကို အုပ်ထိန်းသူ များ၏ ခွင့်ပြုချက်   မပါဘဲ ခရီးထွက်ခွင့် ပေးထားပါတယ်။

ဤ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆုံးဖြတ်ချက် သည် ကျယ်ကျယ် ပြန့် ပြန့်   ဖြစ်ပေါ်လာသော်လည်း အမျိုးသမီးများ အနေဖြင့် မိမိတို့၏ အုပ်ထိန်းသူ များ မှ ရှောင်ရှား လွတ်မြောက်နိုင်ရန် ကြိုးစားမှုများ ပြုပြီးမှ လက်တွေ့ အကောင်အထည် ဖော်လာ ကြောင်း သိရှိရပါတယ်။

အွန်မိုကိုရာ ဆိုသည့် တရားဝင် အစိုးရ ပြန်တမ်း အရ ဆော်ဒီ နိုင်ငံ သား မှန်သမျှ ကို နိုင်ငံကူး လက်မှတ် လျှောက်ထား လျှင် နိုင်ငံကူး လက်မှတ် ထုတ်ပေး ဖြစ်ကြောင်း ဖြစ်ပါတယ်။