အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် အခြေဆိုက် ဟေစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေ အတွင်းရေးမှူး ချုပ် H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ ဖြင့် အစ္စလာမ် ကြံကြံခံ ခုခံကာကွယ်ရေး အဖွဲ့ ၏ မီဒီယာ အား ဆန်ကျင့်ဘက် အမေရိကန် တို့ ၏ခြေလှမ်းသည် လွတ်လပ်မှု နှင့်လွတ်လပ်စွာပြောဆိုခွင့် ဆိုသည့် ၎င်းတို့ ၏ညာသံ သည် မုသား သာ ဖြစ်ကြောင်း သက်သေထူ ပြုလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ ယနေ့ လက်ဘနွန် နိုင်ငံ ၏ ပြည်တွင်းရေး နှင့် ဒေသတွင်း ဆိုင်ရာ အရေးများ ကို မီးမောင်းထိုး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ အစ္စလာမ် ၊ကြံကြံခံ ခုခံကာကွယ်ရေး အဖွဲ့ ၏ ဝက်ဗ်ဆိုက်ဒ် များ ကို ပိတ်ရန် အမေရိကန် ၏ ခြေလှမ်းသည် အမေရိကန် အစိုး၏ ပြောပြောနေသည့် လွတ်လပ်စွာ ပြောဆို ခွင့် သည် အခြေအမြစ် မရှိကြောင်း သက်သေ အထောက်အထား ဖြစ်ပါ သည် ဟု ပြောဆို ခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး အစ္စလာမ် ၊ကြံကြံခံ ခုခံကာကွယ်ရေး အဖွဲ့ ၏ ဝက်ဗ်ဆိုက်ဒ် များ ကို ကန့်သတ် ခြင်း တိုက်ဆိုင်မှု တစ်ခု မဟုတ်ချေ။ အကြောင်းမှာ ၎င်း ဝက်ဗ်ဆိုက်ဒ် များ မှ ကွဒ်စ် ၏ ဓား အမည် ရှိ စစ်ဆင်ရေး တွင် ပါလက်စတိုင်း ပြည်သူ့ လူထု နှင့်အတူ ရပ်တည်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ရန်သူ ဇီယွန် ဝါဒီ အစ္စရေးနယ်ချဲ့ နှင့် သက်ဖီးရီအကြမ်းဖက်သမား အဖွဲ့ ကို ဆန်ကျင့်ကြောင်း ထုတ်ဖော်ပြခဲ့သည် အတွက် ဖြစ်ပါတယ်။ အရေးအကြီးဆုံး စကား မှာ ၎င်း ဝက်ဗ်ဆိုက်ဒ် များ မှ အချို့ ဘာသာရေးဆိုက်ဒ် သာဖြစ်ပြီး နိုင်ငံရေး ဆိုက်ဒ် များ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် ဆက်လက်ပြီး လက်ဘနွန် စစ်တပ် အား တိုင်းပြည် အတွက် စစ်မှန်သည့် လုံခြုံရေး ၊ တည်ငြိမ်အေးချမ်း နှင် စည်းလုံး ညီညွတ်အတွက် အာမခံ ဖြစ်ကြောင်း ၊ ကျွန်ပ်တို့ ၏ ယဉ်ကျေး မှု တွင် စစ်တပ် သည် ရွှေတြိဂံ ၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း ရွှေကြိဂံဆိုသည်မှာ ပြည်သူ့ လူထု ၊ ကြံကြံခံ ခုခံကာကွယ်ရေးတပ် နှင့် စစ်တပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ ဆက်လက်ပြီး လက်ဘနွန် စစ်တပ် အင်အား ကြီး တပ်မတော် မဖြစ်အောင် အဟန့်အတား အကြီးဆုံး မှာ အမေရိကန် ဖြစ်ပြီး ဒေသတွင်းဆိုင်ရာ နိုင်ငံ များ နှင့်ကမ္ဘာ နိုင်ငံများ ၏ အကူအညီ အဖေး အမ ကို လက်ဘနွန် စစ်တပ် ထံ မရောက်အောင် အတား အဆီး ပြုနေသည်မှာ အမေရိကဖြစ်ကြောင်း ၊ လက်ဘနွန်စစ်တပ် သည် အင်အားကောင်းလာလျှင် အစ္စရေး ဆန်ကျင့် ဘက် ဇွဲ လုံလရှိရှိ တော်လှန်မည်ကို အမေရိကန် မှ စိုးရိမ် ကြောက်ရွံ့ နေကြာင်း ပြောကြားခဲ့ပါတယ်။
*****************************************************************
END / 251