
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ရေယာဇ်မြို့ ၏ အရှေ့ တောင်ဘက်ရှိ အလ်ခရာဂ်ျ မြို့ တွင် အသုံးမဝင်တော့သည့် ခဲယမ်း မီးကျောက်များ သိုလှောင်ထားသည့် ဂိုဒေါင် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်ပါတယ်။
ဆော်ဒီ အစိုးရ ရုပ်မြင်သံကြား မှ ထုတ်လွှင့် သည့် ဓာတ်ပုံများ မှာ သဲကန္တရ အတွင်း ပေါက်ကွဲ သည့် မီးစများ ၊ မီးခိုးများ နှင့် မီးခိုးတိုင်များ ဖြစ်ပါတယ်။
ဆော်ဒီ ကာကွယ် ရေးဝန်ကြီး ဌာန ၏ ပြောရေးဆိုခွင်ရှိ သူ သူကီ အလ်မာလကီ မှ မတော်တဆ ပေါက်ကွဲ မှု နှင့် မည်သူကို မျှ ထိခိုက် ဒဏ်ရာ မရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှု သည် အိမ်ရှေ့ မင်းသား ဆိုလ်သွာန် ၏ လေတပ် အခြေစိုက်စခန်း အနီးတွင် ဖြစ်ပွားခဲ့ပြီး အမေရိကန် စစ်သား ၂၅၀၀ အခြေစိုက် သည့် စခန်းဖြစ်ပါတယ်။ ဤအခြေဆိုက်စခန်း သည် အလ်ခရာဂ်ျ မြို့ တွင်ရှိပြီး ပင်လယ် ရေမျာက်နှာပြင် အထက် ၅၀၃ မီတာ တွင်ရှိပါတယ်။
အမေရိကန် လေတပ် ဖြစ်သည့် Rachel Boyetrago မှ ဆော်ဒီ စစ်တပ် အား လိုအင်လျင် အကူအညီ ပေးရန် အသင့် ရှိကြောင်း Associated သတင်းဌာန အား ပြောကြားခဲ့ပါတယ်။ မည်သည့် အမေရိကန် စစ်သားများ မှ မည်သူမျှ မှ ပေါက်ကွဲ မှု ကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့မှု မရှိကြောင်း ပါ ပြောကြားခဲ့ပါတယ်။
အိမ်ရှေ့ မင်းသား ဆိုလ်သွာန် ၏ လေတပ် အခြေစိုက်စခန်း တွင် အမေရိကန် တိုက်လေယာဉ်များ ရှိပြီး ဒုံးကျည်ကကကွယ်ရေး စနစ်များ တပ်ဆင်ထားပါတယ်။