၁၃ ဩဂုတ် ၂၀၂၁ - ၁၉:၁၂
 အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

စစ်အာဏာရှင်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်ကူးစက်မှုကြောင့် နေပြည်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်တစ်ခုက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်အာဏာရှင်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်ကူးစက်မှုကြောင့် နေပြည်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်တစ်ခုက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ အာဏာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့ပြီး ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ညှင်းပမ်းခဲ့တာဖြစ်ပါတယ်။

ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး စစ်တပ်အသိုင်းအ၀ိုင်းက ဒူးနာတာကို ကုသနေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နေပြည်တော်စစ်ဆေးရုံ သတင်းရင်းမြစ်တစ်ခုက ဦးသန်းရွှေနဲ့ ဇနီးတို့ဟာ ကိုဗစ်ဖြစ်နေကြောင်း ပြီးခဲ့တဲ့ ၃၊ ၄ ရက်က သိရှိခဲ့ရပြီး ဆေးရုံမှာ နောက်ထပ် ၂ ပတ် ရှိနေမှာဖြစ်ကြောင်း၊ VIP အခန်းမှာ လုံခြုံရေးအစောင့်အရှောက် တင်းတင်းကြပ်ကြပ်နဲ့ ထားထားကြောင်း AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရောဂါပြင်းထန်မှုအခြေအနေနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

(ဓာတ်ပုံ – ၂၀၁၀ ခုနှစ် စက်တင်ဘာလ ဘေဂျင်းတွင် တရုတ်သမ္မတဟူကျင်တောင်းနှင့် တွေ့ဆုံမှုအတွင်း ဦးသန်းရွှေကို သူရဦးရွှေမန်း၊ လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်အတူ တွေ့ရစဉ်)



****************************************************************

END / 251