၂၇ ဩဂုတ် ၂၀၂၁ - ၁၈:၄၉
၁၃ ကြိမ်မြောက် အီရန် သမ္မတ အသစ် နှင့် ဝန်ကြီးများ အဖွဲ့ သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် တွင် ကတိသစ္စာ သစ် ထပ်မံ ပြုဆို

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၃ ကြိမ်မြောက် အီရန် သမ္မတ အသစ် ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ၏ ဝန်ကြီးများ အဖွဲ့ နှင့် အတူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် တွင် ကတိသစ္စာ သစ် ထပ်မံ ပြုဆိုရင်း ပြည်သူ လူထု အား အလုပ်အကျွေးပြုရန် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ် အပေါ် ရပ်တည်ရန် သန္နိဋ္ဌာန်ချပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်သတင်းဌာန၏ သတင်း အထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၃ ကြိမ်မြောက် အီရန် သမ္မတ အသစ် ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ၏ ဝန်ကြီးများ အဖွဲ့ နှင့် အတူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် တွင် ကတိသစ္စာ သစ် ထပ်မံ ပြုဆိုရင်း ပြည်သူ လူထု အား အလုပ်အကျွေးပြုရန် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ် အပေါ် ရပ်တည်ရန် သန္နိဋ္ဌာန်ချပြခဲ့ပါတယ်။

သတင်းအထောက်အထားများ အရ အီရန် ဝန်ကြီးအသစ်များ အနေဖြင့် ပါလီမန် မှ ယုံကြည်မဲများ ရရှိခြင်း နှင့် အစိုး အသစ် တစ်ပတ်ပြည့် အထိမ်းအမှတ် အဖြစ် သြဂုတ်လ ၂၆ ရက်နေ့ တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် သို့သွားရောက် ၍ ကတိသစ္စာ သစ်အား ထပ်မံပြုခဲ့ကြပါတယ်။ ထိုအချိန် တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် ဂေါပက လူကြီး H.I ဆရက်ဒ် ဟစန် ခိုမေနီ လည်း ရှိခဲ့ပါ တယ်။

အီရန် သမ္မတ အသစ် ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ နှင့် ဝန်ကြီးများ အဖွဲ့ များသည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဗိမာန် အပေါ် လွမ်းသူ ပန်းခွေများ တင်၍ ဖွာသေဟာ များ ဖတ်ခဲ့ကြ ပါတယ်။

ပြီးနောက် အီရန် သမ္မတ အသစ် ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ပြည်သူ လူထု အား အလုပ်အကျွေးပြုရန် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အတွေးအခေါ် အပေါ် ရပ်တည်ရန် သန္နိဋ္ဌာန်ချပြခဲ့ပါတယ်။

 


****************************************************************

END / 251