၂၇ ဩဂုတ် ၂၀၂၁ - ၁၉:၂၉
 အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ အလ္လာဟ့် အမိန့် ခံယူ

အာဖဂန် နိစ္စတန် နိုင်ငံ ၏ အကျော်အမော် ရှီအာ အာလင်မ် ပညာရှင် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ အလ္လာဟ့် အမိန့် ခံယူသွား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဖဂန် နိစ္စတန် နိုင်ငံ ၏ အကျော်အမော် ရှီအာ အာလင်မ် ပညာရှင် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ သည် သြဂုတ်လ ၂၇ ရက်နေ့ သောကြာနေ့ တွင် သက်တော် ၁၀၀ ၌ အသက်ကြီး၍ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် တော် အား ခံယူသွား ခဲ့ပါတယ်။

မရ်ဟွန်မ် သည် အာဖဂန် နိစ္စတန် နိုင်ငံ ၏ အာလင်မ်ကြီးများ မှ တစ်ပါး ဖြစ်ပါတယ်။အာဖဂန် နိစ္စတန် နိုင်ငံ မြောက်ပိုင်းတွင် နယ်ချဲ့ ဆိုဗီယက် တို့ အား ဆန့် ကျင် တော်လှန်သည့် အစ္စလာမ် တော်လှန် ရေး တွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ ၏ ကြိုးပမ်းမှု ဖြင့် ယဟ်ယာ ဗင် ဇိုင်က် ၏ ဗိမာန် ကို စရ်ပဲရ်မြို့ အနီး တွင် ဆောက်လုပ်ခဲ့ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ ၏ ရုပ်အလောင်း အား သြဂုတ်လ ၂၈ ရက်နေ့ တွင် စရ်ပဲရ်မြို့ တွင် ဒဖ်နာ မည် ဖြစ်ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် အာလေမီ ဗလ်ခါဘီ အတွက် ဝမ်းနည်း သဝဏ်လွှာ အား သစ်ဗ်ယန်း အဖွဲ့   မှ အောက်ပါအတိုင်း ရေးသားသီးကုံးထားပါတယ်။

 

بسم الله الرحمن الرحیم

انالله وانا الیه راجعون.

အပြောနှင့်အလုပ်ညီသည့် ၊ မိုဂျာဟစ်ဒ် ၊ တော်လှန်ရေး သမား ၊ မွတ်သကီ ဟဇရသ် အာယာ သွလ္လာဟ် အာလေမီ ဗလ်ခါဘီ ၏ အလ္လာဟ်ဟို အရှင်မြတ် အမိန့် ခံယူသွားသည့် အပေါ် ဟောင်ဇေအေလ်မီယေ များ ၊ အိုလမာ နှင့်လိမ္မာရေးခြား ရှိပြီး ဝမ်းနည်းကြေကွဲ နေသည့် အာဖဂန် ပြည်သူ လူထု နှင့် အိမ်သူအိမ်သားများ အား ဝမ်းနည်းကြေကွဲကြောင်း တင်ပြ အပ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ထံတော် တွင် တမလွန်ဘက်သို့ ခရီးထွက် သွား သည့် လေးစား ချစ်ခင် ရပါသည့် ဤ မရ်ဟွန်မ် အတွက် အရှင်မြတ် ၏ ကြီးမား ကျယ်ပြန့်လှသည် ခွင့်လွတ် ပေးမှု နှင့် ဂရုဏာ အကြင်နာ တော်ရရှိပြီး ကျန်ရစ်သူမိသားစုဝင်များ အတွက် လှပသည့် သည်းခံခြင်းတရား နှင့် ကောင်းမြတ်သည့် အစား အမြောက်အများ ရရှိပါစေဟု ဒိုအာပြု အပ်ပါသည်။

 

မရ်ဟွန်မ် ၏ ဝိညာဉ် ပျော်ရွှင်ပြီး ငြိမ်းချမ်းပါစေ။

ဘာသာရေး နှင့် လူမှုရေး ရာ လှုပ်ရှားနေသည့် သဗ်ယန်း ဗဟိုရုံး ၊ ကွမ်း မြို့ တော်


****************************************************************

END / 251